အိတုံကို ဆီလီကွန်လို့ ခေါ်ခဲ့လို့ မမျိုးမျိုးခိုင် တစ်ယောက် နှာခေါင်းကို ဆီလီကွန် တကယ်ထည့်လိုက်ရတယ်လို့ ဟာသနှောပြီး ပြောပြလာပါတယ်။
Photo: Myo Myo Khaing
ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် မျိုးမျိုးခိုင် တစ်ယောက် အိတုံကို ဆီလီကွန်မမလို့ စနောက်ရင်းက သူကိုယ်တိုင် ဆီလီကွန်ထည့် ထားရတဲ့ အဖြစ်ကို ပြောပြလာပါတယ်။ နှာခေါင်းအရိုးကျိုးသွားလို့ ဆီလီကွန်ထည့်လိုက်ရတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
''အရင်တုန်းကတော့ အိတုံကို နောက်ခဲ့တာ အခုတော့ ကိုယ်တိုင် ဆီလီကွန်ထည့်ထားရပြီ။ နှာရိုးလေး ကျိုးသွားလို့ ဆီလီကွန် လေး ထည့်လိုက်တာ ၇ နှစ်ခံတယ်ပေါ့နော်။ ခွဲတာတွေ ဘာတွေ ကျတော့ ကြောက်လို့ဒါလေး ထိုးတာ ဆိုပေမယ့်လည်း နာ တာပဲ။ ထုံဆေးတွေထိုး၊ ရေခဲတွေ အုံပြီးတော့ လုပ်ရတာ ကြောက်စရာကောင်းတယ်။ လုပ်လုပ်ချင်း က သိပ်မနာဘူး။ နောက်ပိုင်းကျတော့မှ နာလာတာ ခွဲတာထက်စာရင်တော့ တော်ပါသေးတယ်'' လို့ သူကဆိုပါတယ်။
Photo: Myo Myo Khaing
မျိုးမျိုးခိုင်ဟာ ဆီလီကွန်လုပ်ခဲ့ဖူးတဲ့ သူတွေကိုလည်း ကုန်ကျစာရိတ်တွေ မေးရင်း စိတ်မသက်မသာဖြစ်ခဲ့ရဖူးတယ်လို့ အိချောပို ရဲ့ မွေးနေ့ ပွဲမှာ ပြောပြခဲ့တာပါ။
'' အရင်တုန်းက လုပ်တဲ့ လူတွေကိုတောင် သွားပြောဖူးတယ်။ ဆီလီကွန် လုပ်တာ ဘယ်လောက်ကုန်သလဲပေါ့နော်။ အဲ့ဒီ ကုန်ကျစာရိတ်ကို သမီးကို လှူလိုက်ပါလားပေါ့ ခွေးခြံလေး လုပ်ချင်လို့ပါ ဆိုပြီးတော့ ပြောဖူးတယ်'' လို့ ဆက်လက် ဖြေဆို ခဲ့ပါတယ်။
Photo: Myo Myo Khaing
ခွေးတွေ၊ ကြောင်တွေကို ချစ်တတ်တဲ့ ဟာသသရုပ်ဆောင် မျိုးမျိုးခိုင်ကိုလည်း လူရွှင်တော် မျောက်ရှုံးက Duwun Media ကနေတဆင့် အရွှန်းဖောက်စနောက်ခဲ့ပါသေးတယ်။
'' မမျိုးမျိုးခိုင်ကျတော့ သူက လူတွေနဲ့ အပေါင်းအသင်းမလုပ်ဘူး အဓိက က သူ့ရဲ့ အပေါင်းအသင်းတွေက ခွေးတွေ၊ ကြောင်တွေပေါ့နော်။ လူတွေ ပြောရင်သူက သိပ်နားမလည်ချင်ဘူး၊ ခွေးတွေ၊ ကြောင်တွေပြောရင် သူက နားလည်တယ်။ တစ်ခါတလေကျရင်သူက ကျွန်တော်တို့ ကို ကြောင်စကားတွေလာလာပြောတယ်။ သူက ခွေးတို့၊ ကြောင်တို့ရဲ့ မိခင်ကြီးပါ'' ဆိုပြီးတော့ အရွှန်းဖောက်ခဲ့ပါတယ်။
Photo: Myo Myo Khaing
မျိုးမျိုးခိုင်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လာခဲ့ပါပြီ။ လက်ရှိမှာတော့ မိသားစု ကိုလည်း အချိန်ပေးရင်း အနုပညာအလုပ်တွေလည်း လုပ်နေတာကို တွေ့ရပါတယ်။
Share