COVID-19 နဲ့ရောဂါလက္ခဏာတွေကလည်း ရာသီတုပ်ကွေးလက္ခဏာတွေနဲ့ ဆင်ဆင်တူတာကြောင့် ဒီလိုလက္ခဏာတွေခံစားလာရတဲ့အခါ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ခံစားရကာ ရောဂါပိုမို ဆိုးရွားလာနိုင်ပါတယ်

မိုးရာသီကို ရောက်ရှိလာပြီဆိုတော့ ရာသီတုပ်ကွေးနဲ့ အအေးမိဖျားနာ လက္ခဏာတွေကို ကာကွယ်ထားနိုင်ဖို့ လိုလာပါပြီ။အအေးမိခြင်း ၊ မိုးမိခြင်းတို့ကနေတစ်ဆင့် နှာချေခြင်း၊ နှာရည်ယိုခြင်း နဲ့ဖျားနာခြင်း လက္ခဏာတွေကို အချိန်တိုအတွင်း ပြင်းပြင်းထန်ထန်ခံစားလာရပြီဆိုရင် ဒါဟာရာသီတုပ်ကွေးခံစားနေရပြီဆိုတဲ့လက္ခဏာပဲ ဖြစ်ပြီး ရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ သာမန်အအေးမိ၊ဖျားနာခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ COVID-19 အန္တရာယ်ကလည်းရှိနေပြီး COVID-19 နဲ့ရောဂါလက္ခဏာတွေကလည်း ရာသီတုပ်ကွေးလက္ခဏာတွေနဲ့ ဆင်ဆင်တူတာကြောင့် ဒီလိုလက္ခဏာတွေခံစားလာရတဲ့အခါ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ခံစားရကာ ရောဂါပိုမို ဆိုးရွားလာနိုင်တာတဲ့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကာ ကြိုတင် ကာကွယ်ထားတာအကောင်းဆုံးပါပဲ။ ဒါကြောင့် ရာသီတုပ်ကွေးကို ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ်ခံအားကို မြှင့်တင်ပါ

ခန္ဓာကိုယ်ကိုယ်ခံအားစနစ်ဟာ ရာသီတုပ်ကွေးအပါအဝင် တော်ရုံဗိုင်းရပ်စ်နဲ့ရောဂါပိုးတွေကို အလိုအလျောက်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားကောင်းမွန်နေအောင် ဂရုတစိုက် နေထိုင်စားသောက်သင့်ပါတယ်။ အသီးအရွက်တွေစားခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အိပ်ချိန် ၇ နာရီမှ ၉ နာရီ ကြားရှိအောင် ဂရုစိုက်ခြင်း၊ စိတ်ဖိစီးမှုတွေကင်းဝေးအောင် နေထိုင်ခြင်းဖြင့် ကိုယ့်ရဲ့ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။


(၂) ကျန်းမာရေးစောင့်ရှောက်မှု အလေ့အထကောင်းတွေကို လိုက်နာပါ

COVID-19 ကိုကာကွယ်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေ ဖြစ်တဲ့ လက်ဆေးဖို့၊ လူကြားထဲသွားရင် mask တပ်ဖို့၊ တတ်နိုင်သမျှလူစုလူဝေးရှောင်ရှားဖို့ဆိုတဲ့အချက်တွေဟာ ရာသီတုပ်ကွေးနဲ့ အအေးမိဖျားနာလက္ခဏာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေဖြစ်တာကြောင့် ဒီလိုအလေ့အကျင့်ကောင်း တွေကို လိုက်နာသင့်ပါတယ်။

(၃) အေးမိတုပ်ကွေး ကြိုတင်ကာကွယ်နိုင်ဖို့ ဆေးဆောင်ထားပါ

အအေးမိလို့ပဲ ဖြစ်ဖြစ်၊ မိုးမိလို့ပဲဖြစ်ဖြစ် နှာချေတာ၊ နှာရည်ယိုတာနဲ့ ကိုယ်လက်ကိုက်ခဲတာတို့လို လက္ခဏာတွေ စတင်ခံစားလာရတဲ့အချိန်မှာ Decolgen လိုရာသီတုပ်ကွေးလက္ခဏာတွေကို အချိန်တိုတွင်း ပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုးမျိုးကို ကြိုတင်သောက်ပေးပြီး နွေးနွေးထွေးထွေးနေလိုက်မယ် ဆိုရင် အဖျားကြီးပြီး ရောဂါလက္ခဏာတွေပိုမိုပြင်းထန်လာတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Decolgen ဟာဆိုရင် အအေးမိခြင်းကြောင့်ဖြစ်လေ့ရှိတဲ့ နှာချေခြင်း၊ နှာရည်ယိုနှာပိတ်ခြင်းနဲ့ဖျားနာခြင်းလက္ခဏာများကို အထိရောက်ဆုံးနဲ့အလျင်မြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။

(၄) ကာကွယ်ဆေးထိုးပါ

တုပ်ကွေးရာသီရောက်လာတဲ့အခါ နီးစပ်ရာဆေးခန်းတွေမှာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရပါတယ်။ တုပ်ကွေးကာကွယ်ဆေးတွေဟာ အဖြစ်များတဲ့ ဗိုင်းရပ် ၃၊ ၄ မျိုးလောက်ကိုကာကွယ်ပေးနိုင်တာကြောင့် ဖျား၊နာ ဝေဒနာလက္ခဏာ အပြင်းအထန်မခံစားရအောင် အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သတိပြုရမှာက ဒီကာကွယ်ဆေးတွေဟာ ရာသီတုပ်ကွေးမဖြစ်အောင် ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာမဟုတ်ဘဲ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းအထိသာကာကွယ်ပေးနိုင်တာကြောင့် ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ဂရုမစိုက်ဘဲ နေချင်သလို နေလို့ မရဘူးဆိုတာပါပဲ။ ဒါ့အပြင် အသက် ၆ လအောက်ကလေးငယ်တွေကို တုပ်ကွေးကာကွယ်ဆေးမထိုးပေးသင့်သလို ရောဂါ ဝေဒနာအခံတစ်ခုခုရှိတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ တုပ်ကွေးကာကွယ်ဆေးထိုးသင့်တာကိုလည်း သတိပြု ဖို့လိုပါတယ်။

(၅) ဆေးလိပ်ဖြတ်ပါ

တကယ်လို့ သင်ဟာ ဆေးလိပ်သောက်တတ်တဲ့လူတစ်ယောက်ဆိုရင် အမြန်ဆုံးဆေးလိပ်ဖြတ်ဖို့ အကြံပေးချင်ပါတယ်။ ဆေးလိပ်ဟာ ခန္ဓာကိုယ်ကို ၊ အထူးသဖြင့် အဆုတ်နဲ့အသက်ရှုလမ်းကြောင်းကို ဆိုးကျိုးတွေအများကြီးပေးနိုင်တာကြောင့် ဆေးလိပ်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေထက် ဖျားနာလွယ်ပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေလည်း ပိုမြင့်ပါတယ်။ သင်ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့် သင့်အတွက်သာမကဘဲ သင်နဲ့အတူနေထိုင်တဲ့ သင့်မိသားစုဝင်တွေပါ second smoker ဘဝကလွတ်မြောက်ပြီး ကျန်းမာရေးပိုမိုကောင်းမွန်လာကာ ရာသီတုပ်ကွေးအပါအဝင် တခြားရောဂါတွေဝင်ရောက်နိုင်ခြေ လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။

(ဒီဆောင်းပါးကို Decolgen မှပံ့ပိုးကူညီပေးထားပါတယ်)

Share

Loading Next Article...
က္က