လာမယ့်ကြားရက်မှာ နှစ်သင်းစလုံး ဥရောပပွဲကစားဖို့ ရှိနေပါတယ်။

နှစ်သင်းစလုံး ကြားရက်မှာ ဥရောပပွဲကစားရမှာ ဖြစ်ပြီး အာဆင်နယ်အသင်းက ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပကျော့အဖြစ် ရင်းနက်စ်အသင်းနဲ့လည်းကောင်း၊စပါးက ဒေ့ါမွန်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုကျော့အဖြစ် လည်းကောင်း အသီးသီး ကစားရမှာပါ။

စပါးနဲ့အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေပွဲနဲ့ ပြီးဆုံးခဲ့ပါတယ်။ အာဆင်နယ်အသင်းက ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကတဆင့် ရမ်ဆေးက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် စပါးအသင်းက ဒုတိယပိုင်းမှာ ပင်နယ်တီ ပြန်ရခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။



ပွဲကစားချိန် မိနစ် ၉၀ မှာ အာဆင်နယ်အသင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ပြန်လည်ရခဲ့ပေမယ့် တိုက်စစ်မှူး အူဘာမီယန်းရဲ့ ဂိုးကန်သွင်းချက်ကို ဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့လို့ ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သရေပွဲကြောင့် ရမှတ် ၅၇ မှတ်နဲ့အတူ အဆင့် ၄ မှာရပ်တည်နေပေမယ့် ည ၉ နာရီခွဲမှာကစားမယ့် မန်ယူနဲ့ ဆောက်သမ်တန်ပွဲ၊မနက်ဖြန်မှာကစားမယ့် ချဲလ်ဆီးနဲ့ ဖူဟမ်ပွဲတွေ မတိုင်ခင်အထိ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။

စပါးအသင်းကတော့ ၆၁ မှတ်နဲ့အတူ အဆင့် ၃ မှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၂ က မန်စီးတီးအသင်းထက် တစ်ပွဲပို ရမှတ် ၇ မှတ်လျော့နဲ့ ဆက်လက် ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ကြားရက်မှာ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆သင်းအ ဆင့် ကစားရမှာ ဖြစ်ပြီး စပါးအသင်းကတော့ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ကစားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က