စိုးပြည့်ကတော့ ဘိုးဘွားတွေဆီ လိုအပ်တာလေးတွေ သွားရောက်လှူဒါန်း ဖြစ်တာ တွေ့ရပါတယ်။ ညီအစ်မလိုခင်တဲ့ ယိင်းယိင်းနဲ့ ပေါင်းပြီး အလှူဒါနတွေ ပြုလုပ်ခဲ့တာပါ။
Photo : Amazing Grace
သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ အနုပညာအလုပ်တွေ အားနေတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ သူမနဲ့ ညီအစ်မတွေလို ခင်တဲ့ အမတစ်ယောက်နဲ့အတူ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာရှိတဲ့ ဘိုးဘွားတွေအတွက် လိုအပ်တာသုံးနိုင်ဖို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
“မနေ့က...နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ..မယိင်းနဲ့အတူအလှူလေးပြုခဲ့ကြပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : Amazing Grace
နှင်းဆီကုန်းဘိုးဘွားရိပ်သာက အဘိုးအဘွားတွေဆီ သွားရောက်လှူဒါန်း ဖြစ်တာ အခုအကြိမ်နဲ့ဆို ဒုတိယမြောက် အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ဘိုးဘွားတွေအတွက် လှူဒါန်းရတာ အရမ်းကို ကြည်နူးမိတယ်လို့ ဆိုပါတယ်။ အသက်(၂၅)နှစ်ရှိ အနုပညာရှင်မလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ "မိုးညအိပ်မက်ဖြူ" ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သူဖြစ်ပါတယ်။
Photo : Amazing Grace
သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။
စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။