ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဧပြီလအစောပိုင်းအထိ ရွှေ့ဆိုင်းခဲ့ပြီးနောက်မှာ အခုလိုမျိုး ရင်ဆိုင်လာခဲ့ရတာဖြစ်ပြီး ကြီးမားတဲ့နစ်နာမှုတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ လက်ကျန်ဘောလုံးရာသီကို ဆက်လက်ကစားနိုင်ခြင်းမရှိပါက ပေါင်သန်း ၇၅၀ အထိ နစ်နာမယ့်အနေအထားတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဧပြီလအစောပိုင်းအထိ ရွှေ့ဆိုင်းခဲ့ပြီးနောက်မှာ အခုလိုမျိုး ရင်ဆိုင်လာခဲ့ရတာဖြစ်ပြီး ကြီးမားတဲ့နစ်နာမှုတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ပရီးမီးယားလိဂ်ကိုပါ ရောက်ရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြအာတီတာ နဲ့ ချယ်လ်ဆီးကစားသမားအိုဒွိုင်တို့ ကူုးစက်ခံနေရတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပြီး တကယ်လို့သာ လက်ကျန်ပွဲတွေကို မကစားနိုင်ခဲ့ဘူးဆိုရင် ရုပ်သံထုတ်လွှင့်မှုစာချုပ်တွေအရ ပေါင်သန်းပေါင်းများစွာနစ်နာမှာဖြစ်ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ အထိကစားပြီးကာ လက်ကျန် ၉ ပွဲ ကျန်ရှိနေတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြသနာဖြစ်ပွားမှုက လျော့ကျလာမှုမရှိခဲ့ဘူးဆိုရင် ၂၀၁၉-၂၀ ဘောလုံးရာသီတစ်ခုလုံးကို ဖျက်သိမ်းရဖွယ်ရှိနေပြီး ပွဲစဉ်အပြည့်အဝကစားပေးနိုင်ခြင်းမရှိဘူုးဆိုရင် ရုပ်သံထုတ်လွှင့်မှုကနေ ရရှိမယ့် ဝင်ငွေတွေကို ဆုံးရှုံးရမှာဖြစ်ပါတယ်။
The Times ရဲ့ ဖော်ပြချက်အရ "ပရီးမီးယားလိဂ်နဲ့ ယူအီးအက်ဖ်အေတို့က ရာသီကုန်ဆုံးအောင် မကစားနိုင်ခဲ့ဘူးဆိုရင် သူတို့အနေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်တွေကို ချိုးဖောက်သလိုဖြစ်လာမှာပါ၊ ကမ္ဘာတလွှားက ရုပ်သံထုတ်လွှင့်သူတွေကလည်း ဒီကိစ္စအတွက် သူတို့တွေ ပေးချေနိုင်မှာမဟုတ်ဘူးလို့ ပြောပါလိမ့်မယ်၊ ပရီးမီးယားလိဂ်က ပြည်ပနဲ့ ပြည်တွင်းရုပ်သံထုတ်လွှင့်မှုတွေကနေ ပေါင်သုံးဘီလီယံလောက်ရနေတာပါ"
'တကယ်လို့သာ သူတို့တွေ ပွဲစဉ်တွေပြီးပြတ်အောင်မကစားနိုင်ခဲ့ရင် ဘဏ္ဍာရေးထိခိုက်မှုတွေရှိလာမှာပါ၊ ဒိအတွက်ကြောင့် လက်ကျန်ပွဲအနည်းငယ်ကို သူတို့တွေ ကစားသွားရမှာပါ" လို့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့ကြောင်း သိရပါတယ်။