ဂီတလောကထဲမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အဆိုတော် ရွှေထိုက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့ တယ်လို့သိရပါတယ်။ "ငိုနေမယ်မိုးသည်းထဲမှာ"၊ "မင်းကတော့ဘယ်မှာ"၊ "သီချင်းလေးအတိုင်း" အစရှိတဲ့ သီချင်းများနဲ့ သူမဟာ ဂီတလောကမှာ အောင်မြင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
Photo : Yangon Police
ဂီတလောကမှာ "ငိုနေမယ်မိုးသည်းထဲမှာ"၊ "မင်းကတော့ဘယ်မှာ"၊ "သီချင်းလေးအတိုင်း" အစရှိတဲ့ သီချင်းများနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် ရွှေထိုက်ကို မူးယစ်ဆေးဝါးတွေနဲ့ လက်ဝယ်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ရွှေထိုက်ကို သြဂုတ်လ(၉)ရက်နေ့ ညနေ(၁၈း၄၅)နာရီအချန်မှာ ရန်ကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနဲ့ မူးယစ်တပ်ဖွဲ့စု (၄၁)မှ တပ်ဖွဲ့ဝင် များ ပူးပေါင်းပြီး မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ GOLDEN CITY အိမ်ရာ၊ တိုက်(ဘီ-၁)၊ (၁၇)လွှာ၊ အခန်း(၁၇၀၃)နေ သက်ဆွေမင်း(ခ) ကိုစိုင်း၊ (၃၅) နှစ်၊ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
Photo : ရွှေထိုက် FB
"၎င်းတို့အိပ်သည့် ကုတင်ပေါ်ရှိ Zhimei စာတန်းပါ ပိုက်ဆံအိတ်အတွင်းမှ အပြာရောင် ပလပ်စတစ် ကပ်ခွာဖြင့်ထည့် လျက် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၅)ပြားပါ (၁)ထုပ်၊ (၁၀၀)ပြား (၁)ထုပ်စုစုပေါင်း (၂၀၅)ပြား၊ ပလပ်စတစ်ကပ်ခွာဖြင့် ထည့်လျက် ICE ဟု ယူဆရ သော အကြည်ရောင် အကြေခဲ (၃)ဂရမ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ MI အမျိုးအစားလက်ကိုင် ဖုန်း (၂)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့"တယ်လို့ သြဂုတ်လ(၁၀) ရက်နေ့က ရေးသားထားပါတယ်။
Photo : ရွှေထိုက် FB
ထို့အပြင် သူတို့ ဌားရမ်နေထိုင်သည့် ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊အဝေရာလမ်းရှိ အမှတ်(၃၃/က) ပထမထပ်နေအိမ်တွင် မူးယစ်ဆေးဝါး များ ကျန်ရှိနေသေး ကြောင်း သိရှိရသဖြင့် အဆိုပါနေအိမ်သို့သွားရောက်၍ ထပ်မံရှာဖွေခဲ့ပါတယ်။
'၎င်းတို့ငှားရမ်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊အဝေရာလမ်းရှိ အမှတ်(၃၃/က) ပထမထပ်နေအိမ်တွင် မူးယစ်ဆေးဝါး များ ကျန်ရှိနေသေး ကြောင်း သိရှိရသဖြင့် အဆိုပါနေအိမ်သို့သွား ရောက်၍ သက်ဆွေမင်း(ခ) ကိုစိုင်းမှ အိမ်သော့အား ကိုယ်တိုင် ဖွင့်လှစ်ပေးသဖြင့် ရှာဖွေရာ အိပ်ခန်းဘီဒိုအတွင်းမှ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ အထုပ်(၅၈)ထုပ်၊ (၁၈၅)ပြား ပါ(၁)ထုပ်၊ စုစုပေါင်း (၁၁၇၈၅)ပြား၊ ခဲရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော ICE ဟုယူဆရသော အကြည် ရောင်အကြေခဲ (၇၇၀)ဂရမ်ပါ(၁)ထုပ်၊ Kove is Flower စာတန်းပါ ဆပ်ပြားခွက်အတွင်း ပလပ်စတစ် အိတ်ဖြင့်ထည့် ထား သော ဘိန်းဖြူဟုယူဆရသော အမှုန့် (၁၁)ဂရမ်ခန့်ပါ (၁)ခွက်၊ ပလပ်စတစ်ဘူးအကြည်ဖြင့် ထည့်ထားသော ဆေးခြောက်ဟုယူဆရသည့် အရိုးအရွက်ခြောက်အလေးချိန်(၁၂)ဂရမ်ခန့်ပါ(၁)ဘူး၊ အိမ်ခန်းအတွင်းရှိ စားပွဲခုံပေါ်တွင် ပလပ်စတစ်အကြည်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၄)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်' လို့ Yangon Police စာမျက်နှာမှာ ဆက်လက်ဖော်ပြထားပါတယ်။
Photo : ရွှေထိုက် FB
အဆိုတော်ရွှေထိုက်နဲ့ သက်ဆွေမင်းတို့အပြင် သြဂုတ် ၉ ရက်နေ့ ၁၁း၀၀ အချိန်က မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ သန့်စင်မောင်(ခ)ကိုပေါက်ရဲ့ နေအိမ်ကိုရှာဖွေရာ ၎င်းရဲ့ ဘောင်းဘီအိတ်ကပ်အတွင်းနဲ့ ခုတင်ပေါ်ရှိ မျက်မှန်ဘူးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ဆက်လက်ပြီး ညနေ ၁၆း၂၀ အချိန်မှာ ကျော်သူရတည်းခိုနေတဲ့ My Dream Hotel၊ အခန်းအမှတ်(၁၀၁) ကို ဝင်ရောက်ရှာဖွေရာမှာလည်း လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင်တို့အားတွေ့ရပြီး ရေချိုးခန်းဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ ရှာဖွေဖမ်းဆီးမှုများရဲ့ ကွင်းဆက်အရ အဆိုတော်ရွှေထိုက်နဲ့ သက်ဆွေမင်းတို့ နေထိုင်လျက်ရှိတဲ့ နေရာတွေကို ဝင်ရောက်ရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Share