အိုင်ကာဒီကိုယ်တိုင်က ပီအက်စ်ဂျီကိုပြောင်းရွှေ့လိုနေခဲ့တာပါ။

တိုက်စစ်ကစားသမားအများစုရှိနေပေမယ့် အိုင်ကာဒီကို ဆက်ရှိနေဖို့အတွက် ပီအက်စ်ဂျီအသင်းက ဆန္ဒရှိနေခဲ့ တာလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းဆီကနေ အငှားစာချုပ်နဲ့ခေါ်ယူထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူးအိုင်ကာဒီကို အပြီးသ တ်စာချုပ်ချုပ်ဆိုခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းပြင်ဆင်နေခဲ့ပြီဖြစ်ပြီး လာမယ့်အချိန်အတိုင်းအတာတစ်ခု အတွင်း တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ရှိနေတယ်လို့ အီတလီမီဒီယာများရဲ့ဖော်ပြမှုကို footballlitalia က ကိုးကားဖော်ပြလာပါတယ်။

အင်တာမီလန်အသင်းတာဝန်ရှိသူတွေနဲ့အကြားအဆင်မပြေမှုများရှိခဲ့တဲ့အင်တာမီလန်အသင်းခေါင်းဆောင် ဟောင်းဖြစ်သူ အိုင်ကာဒီဟာ ဥရောပအသင်းကြီးအများစုရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်တဲ့အတွက် ပီ အက်စ်ဂျီအသင်းအနေနဲ့ အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာလီယိုနာဒိုကိုယ်တိုင်က အိုင်ကာဒီကိုအပြီးသ တ်စာချုပ်ချုပ်ဆိုခေါ်ယူလိုနေပြီး တစ်ဖက်တွင်လည်း စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ နာပိုလီအသင်း ဥက္ကဋ္ဌဒီလော်ရန်းတစ်ကလည်း အပြောင်းအရွှေ့အတွက် အေးဂျင့်အဖြစ်တာဝန်ယူထားတဲ့ ဇနီးသည်ထံတရား ဝင်ကမ်းလှမ်းမှုအချို့ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

လက်ရှိပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှာ ကာဗာနီ၊ နေမာ၊ အမ်ဘာပီ၊ ချူပိုမိုတင်းတို့ရှိနေပြီးဖြစ်ပေမယ့် အိုင်ကာ ဒီကို အပြီးသတ်ခေါ်ယူဖို့ပြင်ဆင်လာတဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလတွေအတွင်း တိုက်စစ်ကစားသမားတစ်ဦးကို သေချာပေါက်လက်လွှတ်ရနိုင်တဲ့အခြေအနေရှိလာနိုင်တယ်လို့လည်း သုံးသပ်မှု များရှိနေပြန်ပါတယ်။

အင်တာမီလန်အသင်းနည်းပြကွန်တီကတော့ အိုင်ကာဒီရဲ့အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှ တ်ချက်ပြုခြင်းမရှိသလို လက်ရှိတိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူ၊ မာတီနက်ဇ်တို့ကြောင့် အိုင်ကာဒီကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ရှိနေပြီး ပေါင်သန်း ရဝဝန်းကျင်ရရှိပါကအပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်တယ်လို့ လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က