၄နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်တာပါ။

အင်တာမီလန်အသင်းကနေ အငှားစာချုပ်နဲ့လာကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ အနာဂတ်ကာ လအတွင်း အသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်လာဖို့ရှိနေသူပါ။

ပြင်သစ်လီဂူးချန်ပီယံပီအက်စ်ဂျီအသင်းရဲ့ အတည်ပြုချက်အရ အင်တာမီလန်အသင်းခေါင်းဆောင်ဟောင်းဖြစ် သူတိုက်စစ်မှူးအိုင်ကာဒီကို ၂၀၂၄ အထိသက်တမ်းရှိမယ့် ၄နှစ်စာချုပ်နဲ့အတူ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တ ယ်လို့ as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အိုင်ကာဒီအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက အင်တာမီလန်အသင်းဆီကို တစ်နှစ်အငှားစာချုပ်နဲ့လာရောက်က စားခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခြင်းများကြောင့် ၀ါရင့်တိုက်စစ်မှူးကာဗာနီရဲ့နေရာမှာ အစားထိုးနိုင်မယ့်အနာ ဂတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူပါ။



“ ၆နှစ်ကြာ ကစားခဲ့တဲ့ အင်တာမီလန်ကို စွန့်ခွာဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ ဒါပေမဲ့ အသင်းမှာရှိစဉ်ကာလ က ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ပြင်ဆင်ရ တော့မှာပါ” လို့ အိုင်ကာဒီက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ပီအက်စ်ဂျီအသင်းအနေနဲ့ အိုင်ကာဒီကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့အေးဂျင့်အဖြစ်တာဝန် ယူထားသူ ဇနီးသည် ဝမ်ဒါနာရာ တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေးပမာဏကို လက်ခံခဲ့ရတာဖြစ်ပေမယ့် စာချုပ် ချုပ်ဆိုကြေးကိုတော့ တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

အိုင်ကာဒီကို ခေါ်ယူခဲ့ခြင်းကြောင့် ဇွန်လကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ၀ါရင့်တိုက်စစ်မှူးကာဗာ နီအနေနဲ့ အသင်းကနေသေချာပေါက်ထွက်ခွာရဖို့ရှိနေခဲ့ပြီး နည်းပြတူချယ်လ်အနေနဲ့ အနာဂတ်တိုက်စစ်အတွ က် နေမာ၊ အမ်ဘာပီ၊ အိုင်ကာဒီအတွဲကို အသုံးပြုဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က