မော်ရင်ဟိုလက်ထက် ချန်ပီယံလိဂ်မှာ နှစ်ဂိုးအထိ သွင်းခဲ့တာပါ။

ဘင်ယက်ဒါကတော့ ယူနိုက်တက်ပရိသတ်တွေနဲ့ စိမ်းသူမဟုတ်ပဲ ၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်ကို (၁၆)သင်းအဆင့်ကနေ လှည့်ပြန်သွားရအောင် စွမ်းဆောင်ခဲ့သူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူရဲ့ နေရာမှာအစားထိုးဖို့ ဆီဗီလာတိုက်စစ်မှူး ဘင်ယက်ဒါကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ချက်စတာညနေခင်းသတင်းစာ နဲ့ စပိန်သတင်းဌာနတွေဖြစ်တဲ့ Footbfall Espana နဲ့ AS တို့ကလည်း ဘင်ယက်ဒါကို ယူနိုက်တက်ဘက်က စိတ်ဝင်စားနေတယ်လိ့ု ဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီကလည်းပဲ စိတ်ဝင်စားနေတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဆီဗီလာနဲ့ ယူရိုသန်း (၄၀) တန်ဖိုးရှိတဲ့ လျော်ကြေးစာချုပ်ကို ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဆီဗီလာအတွက် ခြေစွမ်းပြကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဆီဗီလာကို ၂၀၁၆ ခုနှစ်မှာ လီဂူးကလပ်တူးလော့စ်ကနေ ပြောင်းရွှေ့ခဲ့တဲ့ ဘင်ယက်ဒါက ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုးပေါင်း (၃၀) နဲ့ ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဘင်ယက်ဒါကတော့ ယူနိုက်တက်ပရိသတ်တွေနဲ့ စိမ်းသူမဟုတ်ပဲ ၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်ကို (၁၆)သင်းအဆင့်ကနေ လှည့်ပြန်သွားရအောင် စွမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့မှာ ဘင်ယက်ဒါက လူစားဝင်လာခဲ့ပြီး ယူနိုက်တက်ကို (၂)ဂိုးသွင်းကာ ပြိုင်ပွဲကနေ ဖြုတ်ချပစ်ခဲ့သူ ဖြစ်ပါတယ်။

ဆီဗီလာဟာလည်း ဘင်ယက်ဒါရဲ့ စွမ်းဆောင်မှုကြောင့် နှစ်ပေါင်း (၆၀)အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အသက် (၂၈)နှစ်အရွယ် ကစားသမားရဲ့ ဂိုးသွင်းစွမ်းရည်ကို ဆိုးလ်ရှားက အထင်ကြီးနေပြီး အင်တာမီလန်ကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ လူကာကူရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လာမယ့်ဘောလုံးရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဦးစားပေးသွားမယ်လို့ ဆိုခဲ့တဲ့ ဆိုးလ်ရှားက လက်ရှိအချိန်ထိ အသင်းကို အင်အားဖြည့်တင်းမှု လုံလုံလောက်လောက် မပြုလုပ်ရသေးပဲ လူငယ်ကစားသမား ဒန်နီရယ်ဂျိမ်းစ်တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှုနှေးကွေးနေခဲ့မှုကြောင့်လည်း ယူနိုက်တက်အနေနဲ့ ဝေဖန်မှုတွေကို ဆက်တိုက်ခံနေရပါတယ်။

Share

Loading Next Article...
က္က