ဆီဗီလာကစားသမား အိုကမ်ပို့ဟာ ၉ နှစ်အတွင်း လာလီဂါငါးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဆီဗီလာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြိလည်းဖြစ်ပါတယ်။
စပိန်လာလီဂါပွဲတွေကို ပြန်လည်စတင်နေပြီဖြစ်ရာမှာ မနေ့ညက ကစားခဲ့တဲ့ ဆီဗီလာ နဲ့ ဘက်တစ်တို့ရဲ့ ဒါဘီပွဲမှာတော့ အိမ်ရှင်ဆီဗီလာက ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဆီဗီလာအတွက် အိုကမ်ပို့ နဲ့ ဖာနန်ဒိုတို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့ပြီးတော့ အဆင့် ၃ နေရာမှာ ဆက်ရှိနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေပိုမိုကောင်းမွန်သွားခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာ ဆီဗီလာကစားသမား အိုကမ်ပို့ဟာ ၉ နှစ်အတွင်း လာလီဂါငါးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးဆီဗီလာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြိလည်းဖြစ်ပါတယ်။ အက်စ်ပန်ညို၊ ဂီတာဖေး၊ အိုဆာဆူနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဘက်တစ်တို့ကို ငါးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်တယ်လို့ Squawka က ဖော်ပြခဲ့ပါတယ်။
ဒီလိုစံချိန်ကိုတော့ ၂၀၁၁ ခုနှစ်မှာ တိုက်စစ်မှူးဟောင်းနီဂရီဒိုက နောက်ဆုံးအကြိမ်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ အိုကမ်ပို့ကတော့ အဆိုပါစံချိန်ကို လိုက်မီခဲ့တာဖြစ်ပြီး နောက်ကစားရမယ့်ပွဲမှာ ဂိုးထပ်သွင်းနိုင်ခဲ့မယ်ဆိုရင်တော့ ခြောက်ပွဲဆက်တိုက်နဲ့ စံချိန်သစ်တစ်ခုကို ထပ်မံပိုင်ဆိုင်မယ့် အခွင့်အရေးရရှိလာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားကစားသမားဟာ ဒီရာသီမှာ ဆီဗီလာအတွက် တော်တော်လေးခြေစွမ်းပြနေတာဖြစ်ပြီး လာလီဂါသွင်းဂိုး ၁၁ ဂိုးအထိ ရရှိထားကာ ပြိုင်ပွဲစုံသွင်းဂိုးအနေနဲ့ ၁၃ ဂိုးအထိရရှိထားပြီးဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းပြနေမှုကြောင့်လည်း ဥရောပထိပ်သီးအသင်းတချို့က စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။