မန်ချက်စတာလေဆိပ်ကနေတစ်ဆင့် ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အင်စတာဂရမ်မှာ ပုံတင်ပြီး အတည်ပြုခဲ့ပါတယ်။ ဖယ်လိုင်နီဟာ ၎င်းရဲ့အေးဂျင့်၊ ညီ နဲ့ အခြား အကြံပေးပုဂ္ဂိုလ်တစ်ဦးနဲ့အတူ မန်ချက်စတာလေဆိပ်မှာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီဟာ လေဆိပ်မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့အတူ ‘သွားကြစို့’ဆိုတဲ့ စာသားကိုရေးသားပြီး ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်အသင်းကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တယ်လို့ နားလည်ရကြောင်း Manchester Evening News က ရေးသားခဲ့ပါတယ်။

အသင်း သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ ဖယ်လိုင်နီဟာ ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီချက်တွေကို အပြီးသတ်နိုင်ဖို့ တရုတ်ကို ထွက်ခွာခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖယ်လိုင်နီဟာ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ အိုလီဂန်းနားဆိုးလ်ရှားရဲ့လက်ထက်မှာ ၃၁ မိနစ်သာ ပါဝင်ကစားခွင့်ရရှိထားသူလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီဟာ လက်ရှိအချိန်မှာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရသူဖြစ်ပြီး အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ရက်ဒင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူအတွက် လူစားဝင်ကစားပေးခဲ့တာဟာ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က