အမှတ်ရယူဖို့ ခက်ခဲတယ်လို့ ပြောခဲ့တာပါ။

ဆောက်သမ်တန်နည်းပြ ရာ့ဖ်ဟာဆင်ဟာတယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြ ဆိုးလ်ရှားဟာ အံ့အားသင့်ဖွယ်အကျိုးသက်ရောက်မှုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်နေပြီး အိုးထရက်ဖို့ဒ်မှာ အမှတ်ရယူဖို့ ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ဒီဇင်ဘာလမှစပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့ပါတယ်။



အိုးထရက်ဖို့ဒ်ဝန်းကျင်က စိတ်ခံစားမှု အပြောင်းအလဲတွေဟာ ဂန္တဝင်တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ နီးစပ်လာစေခဲ့ပြီး ဆောက်သမ်တန်နည်းပြ ဟာဆန်ဟာတယ်က မန်ယူအသင်းဟာ အကူးအပြောင်းအတွက် အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်မယ်ထင်ပါတယ်။ ခုချိန်ထိ ရှုံးပွဲမရှိသေးတာဟာ အံ့အားသင့်စရာကောင်းပါတယ်”

“ကစားသမားအဖြစ်နဲ့လည်း ယူနိုက်တက်မှာ သမိုင်းရှိခဲ့ပြီး အခုလည်း နည်းပြအဖြစ် သမိုင်းသစ်ရေးထိုးနေပါပြီ။ ခင်ဗျား နောက်ထပ်တစ်ယောက်ကို နည်းပြခန့်ရင် ပိုကောင်းတာမရနိုင်ပါဘူး”

“ကျွန်တော်တို့ ဆာအဲလက်စ်ရှိတဲ့အချိန်တုန်းက အကြောင်းကို ပြောခဲ့ကြတယ်။ ဘယ်သူမှ အိုးထရက်ဖို့ဒ်ကို မသွားချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ ခင်ဗျားအတွက် ရစရာဘာမှကို မရှိလို့ပါ”

“ဆာအဲလက်စ်ထွက်သွားပြီးနောက်မှာ အသင်းတွေက အိုးထရက်ဖို့ဒ်မှာ အမှတ်တွေရလာကြတယ်။ အခုတော့ အရင်တုန်းကအတိုင်း ပြန်ဖြစ်သွားပြီ။ အိုးထရက်ဖိုု့ဒ်မှာ သူတို့ဆီကနေ အမှတ်ရယူဖို့ ခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က