၂၀၂၀ဂျပန်တိုကျိုအိုလံပစ်ကို ၂၀၂၁ကို ‌ရွှေ့ဆိုင်းထားပါတယ်။

ပြိုင်ပွဲအပြီးမှာ ၂၃နှစ်ပြည့်တော့မယ့် ကစားသမားတွေဟာ အစားထိုးကျင်းပမယ့် ၂၀၂၁ပြိုင်ပွဲကို ပါဝင်ခွင့်ရတော့မှာ မဟုတ်တဲ့အတွက် တစ်နှစ်ထပ်တိုးစေဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တာပါ။

 အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲက အသက် ၂၃နှစ်အောက်သတ်မှတ်ထားပေမယ့် လာမယ့်နှစ်မှာ ကျင်းပမယ့် အိုလံပစ်ပွဲအတွက်မူ အသက် ၂၄နှစ်နှင့်အောက်အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ရေး ဖီဖာ ကြိုးပမ်းနေတယ်လို့ BBC SPORT သတင်းဌာ နက ဖော်ပြလာပါတယ်။



အားကစားဆိုင်ရာ အစိုးရအဖွဲ့အစည်းက လာမယ့်နှစ်မှာ အစားထိုးပြန်လည်ကျင်းပဖို့ သဘောတူညီခဲ့ပြီး ဖြစ်တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲဟာ အသက် ၂၄နှစ်အောက် ဖြစ်သင့်တယ်လို့ အကြံပြုလာခဲ့တာ ရှိပါတယ်။

အကြောင်းကတော့ ယခုနှစ် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ၂၀၂၁ကို တစ်နှစ်နောက်ဆုတ် ရွှေ့ဆိုင်းထားရတာပါ။

ဒီအချိန်မှာ အသက် ၂၃နှစ်အောက် ကစားသမားတွေထဲက ၂၃နှစ် ပြည့်တော့မယ့် ကစားသမားတွေက လာမယ့်နှစ် အစားထိုးပြန်ကျင်းပချိန်မှာ ၂၃ကျော်သွားပြီ ဖြစ်တာကြောင့် နိုင်ငံကို ကိုယ်စားပြုခွင့် ဆုံးရှုံး လိုက်ရမယ့် အခြေအနေအပေါ်မှာ အကြံပြုလာခဲ့တဲ့အခါ ဖီဖာက တစ်နှစ် ထပ်တိုးပေးဖို့ စီစဥ်လာတာပဲ ဖြစ်ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲကို ဖီဖာဗျူရိုအဖွဲ့က အသက် ၂၃နှစ်အောက်သတ်မှတ်ထားပြီး ၂၀၂၀ ပြိုင်ပွဲအတွက် ၁၉၉၇ ဇန်နဝါရီလ ၁ရက်နေ့နှင့် ၁ရက်နေ့နောက်ပိုင်းမွေးဖွားသူတွေသာ ကစားခွင့်ရရှိထားတာပါ။

ဗျူရိုကတော့ ဖီဖာရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို အတည်ပြုပေးတဲ့ ကောင်စီလည်း ဖြစ်ပြီး လက်ရှိမှာတော့ ၂၄နှစ်အောက်အတွက် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲစည်းမျဥ်းမှာတော့ အသက်၂၃နှစ်အောက်ပြိုင်ပွဲဖြစ်‌သော်လည်း အသက်ကျော် ကစားသမား ၃ဦး ထည့်သွင်းခွင့်ပြုထားပေမယ့်အမျိုးသမီး ပြိုင်ပွဲမှာတော့ အသက်ကန့်သတ်ချက်မထားပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က