၂၀၂၀တိုကျိုအိုလံပစ်မှာ ပေးသွားမယ့် ဆုတံဆိပ်တွေပါ

     ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်မှာပေးမယ့် ဆုတံဆိပ်တွေကတော့ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းတွေကနေ ထုတ်ထားတဲ့ ရွှေတွေပဲ ဖြစ်ပါတယ်။

Photo: Nikkei Asia Review



         တိုကျိုအိုလံပစ်ပွဲတော်ကျင်းပရေးကော်မတီဟာ ၂၀၁၇ ဧပြီလကတည်းက တစ်နိုင်ငံလုံးက ဖုန်း ၊ ကင်မရာ ၊ ဂိမ်းစက်အပျက်တွေလို စွန့်ပစ် အီလက်ထရောနစ် ပစ္စည်းတွေကို အလှူခံ စုဆောင်းခဲ့တာပါ။ ဒီစုဆောင်းမှုကနေ အခုဆို တန်ချိန် ၅၀၀၀၀ နီးပါးရှိတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ရရှိနေပြီလို့ဆိုပါတယ်။

         အိုလံပစ်ဆုတံဆိပ်အတွက် ရွှေတွေထုတ်ဖို့စုဆောင်းခဲ့တဲ့ ဒီအစီအစဉ်ဟာ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ဂျပန်နိုင်ငံသားတွေထံမှ လက်ပ်တော့၊ ကင်မရာနဲ့ စမတ်ဖုန်းဟောင်း ၅ သန်းကျော်ကို ပရောဂျက်စတင်ပြီး ၁၈ လအတွင်း စုဆောင်းရရှိခဲ့တာပါ။

         လက်ရှိမှာ ရွှေ ၁၆.၅ ကီလိုဂရမ် ၊ ငွေ ၁၈၀၀ ကီလိုဂရမ် ထုတ်ယူနိုင်ပြီ ဖြစ်လို့လျာထားလိုအပ်ချက်ရဲ့ ၅၄% နဲ့၄၃.၉% တို့ကို ရလာခဲ့ပြီလို့ဆိုပါတယ်။ ဒီအစီအစဉ်ကို ဂျပန်နိုင်ငံမိုဘိုင်းလ်ဖုန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ NTT DOCOMO ၊ ဂျပန်အစိုးရ သဘာဝပတ်ဝန်းကျင် အများပြည်သူ့ကျန်းမာရေးစင်တာနှင့် တိုကျိုအုပ်ချုပ်ရေးအဖွဲ့တို့မှ ပံ့ပိုးပေးခဲ့တာပါ။

Photo: Pulse Ghana

         Team Great Britain မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဟာ ဒီအစီအစဉ်ကို ချီးကျူးခဲ့ပါတယ်။ "ဒီအစီအစဉ်က Tokyo 2020 Olympic အားကစားပွဲတော်မှာ လူထုပါဝင်လာစေဖို့လှုံ့ဆော်ပေးတဲ့အပြင် စွန့်ပစ်ပစ္စည်းတွေကို ပြန်ပြီး အသုံးချတဲ့ စနစ်ကိုပါ အားပေးထားတဲ့ အစီအစဉ်ကောင်းတစ်ခုပါ။" လို့ပြောပါတယ်။

         တိုကျို ၂၀၂၀ အိုလံပစ်ပွဲတော်မှာ ပေးမယ့် ရွှေ ငွေ နဲ့ကြေး ဆုတံဆိပ်တွေအတွက် ဂျပန်နိုင်ငံသားတွေဟာ နိုင်ငံတစ်ဝှမ်းမှ စည်ပင်အာဏာပိုင်များနှင့် ဈေးဆိုင်များမှာ ဖုန်းဟောင်းတွ လှူဒါန်းခဲ့ပြီး ဒီထဲကနေ ကုန်ကြမ်းသတ္ထုတွေ ထုတ်ယူပြီး သန့်စင်ခဲ့တာပါ။ ကုန်ကြမ်းအနေနဲ့၂၀၁၈ ဇွန်ကနေ အောက်တိုဘာအတွင်း ကြေးပေါင်း ၂၇၀၀ ကီလို ဂရမ် ၊ ရွှေ ၂၈.၄ ကီလိုဂရမ် နဲ့ငွေ ၃၅၀၀ ကီလိုဂရမ်ကို ထုတ်ယူခဲ့တယ်လို့ဆိုပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က