အင်္ဂလိပ်စာအုပ်ပေါင်း တစ်သန်းကျော်ကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချနေပါတယ်။

 ၉၀ ရာခိုင်နှုန်းလျော့ဈေးတွေနဲ့ အင်္ဂလိပ်စာအုပ်ပေါင်း တစ်သန်းကျော်ကိုရန်ကုန်က Myanmar Event Park မှာ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၈ ရက်နေ့အထိရောင်းချနေတာဖြစ်ပါတယ်။

(စာအုပ်အရောင်းပွဲတော်မြင်ကွင်း)

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ လာရောက်ရောင်းချတာဖြစ်ပြီးတော့ အင်္ဂလိပ်စာအုပ်ပေါင်း တစ်သန်းကျော်ကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိရောင်းချနေတာဖြစ်ပါတယ်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး ၂၄ နာရီပတ်လုံး ရောင်းချမှာမယ်လို့သိရပါတယ်။



“ ဒီစာအုပ်အရောင်းပွဲတော်က စာဖတ်တဲ့အသိုင်းအဝိုင်းတစ်ခုလုံးကို မိတ်ဆက်ပေးတာဖြစ်ပါတယ်။ လူတွေ အင်္ဂလိပ်စာအုပ် များများဖတ်နိုင်ဖို့ အားပေးထောက်ခံချင်တာရယ်၊ စာဖတ်သူမျိုးဆက်သစ်တွေကို တည်ထောင်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဒီစာအုပ်အရောင်းပွဲတော်ကနေ အင်္ဂလိပ်စာအုပ်အသစ်တွေကို လက်လှမ်းမီတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ” လို့ အဆိုပါ စာအုပ်အရောင်းပွဲတော်ကို စီစဉ်ကျင်းပတဲ့ ဦးမျိုးအောင်က မီဒီယာတွေကို ပြောပါတယ်။

စာအုပ်အရောင်းပွဲတော်မှာ ဂန္တဝင်ဝတ္ထုတွေ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေ၊ အချစ်ဝတ္ထု၊ သုတရသစာပေတွေ၊ ဟာသရုပ်ပြစာအုပ်တွေ၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ကလေးသူငယ်ဆိုင်ရာစာအုပ်တွေ ပါဝင်ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။

Big Bad Wolf Sale ပွဲတော်က ကမ္ဘာ့အကြီးဆုံး စာအုပ်အရောင်းပွဲတော်ဖြစ်ပြီးတော့ ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ မလေးရှားနိုင်ငံရဲ့ထင်ရှားတဲ့ပွဲတော်ဖြစ်သလို ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလကာၤ၊ ထိုင်ဝမ်တို့မှာ ကျင်းပပြုလုပ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က