ညီဖြစ်သူ ဇော်ဇော်ပိုင်ကတော့ အဘိုးရဲ့ ကာရိုက်တာကို သရုပ်ဆောင်နေပါတယ်တဲ့။

မင်းခ ဟာ ဂဠုန်ဦးစောရဲ့ မြစ် လည်းဖြစ်၊ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်ပေမယ့် ဗိုလ်ချုပ်ရုပ်ရှင်မှာ မပါဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အဘိုး နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုလည်း အေးအေးဆေးဆေး ဖြစ်စေချင်ပြီလို့ သူကဆိုပါတယ်။

သရုပ်ဆောင်မင်းခ ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ သူဟာ ဂဠုန်ဦးစောရဲ့ မြစ် တော်စပ်သူဖြစ်ပေမယ့် အဘိုးနဲ့ရုပ်ချင်းမဆင်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ သူ ပါဝင်ခွင့်မရဘူးလို့ သိရပါတယ်။



‘’ အမှန်အတိုင်းပြောရရင် ကျွန်တော်နဲ့ မတူဘူး။ ကိုယ်က အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်ချင်တဲ့အပိုင်းပဲလေ။ ဒါပေမယ့် သရုပ်ဆောင်ရမယ့် ညီအတွက်တော့ သရုပ်ဆောင်နဲ့ ပတ်သက်လာရင် လိုအပ်တာတွေ ပြောပြမှာပါ။ အဓိက က လိုချင်တဲ့ ပုံစံတွေ ဇာတ်ရုပ်တွေကို ဒါရိုက်တာ တစ်ယောက်ကပဲ မြင်ထားတာကိုး။ ကျွန်တော်က ဘေးကနေ အိုက်တင်တွေ ဘာတွေ သွားပြောလည်း ကျွန်တော်တတ်တဲ့ အိုက်တင်ပဲ ထွက်မှာပေါ့။ ကျွန်တော်သင်ပေးတာထက်စာရင် အန်ကယ်လေးကိုယ်တိုင် သင်ပေးတာက ပိုထိရောက်မှု ရှိမယ်ထင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ညက ‘’အမျှ… အမျှ..’’ ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Min Kha

လက်ရှိမှာတော့ သရုပ်ဆောင်လူမင်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဂဠုန်ဦးစော နေရာမှာ သရုပ်ဆောင်မင်းခရဲ့ ညီဖြစ်သူ ဇော်ဇော်ပိုင်က ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

‘’နှစ် ၁၀၀ လည်းပြည့်နေပြီဆိုတော့လေ ဒါမျိုးက သမိုင်းဝင်မယ့် ဇာတ်ကားမျိုးဖြစ်သင့်တာကြာပါပြီ။ ညီလေးရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ ဘာပြောပြရမလဲဆိုတာလည်း သေချာမသိသေးဘူး။ ပါဝင်ရမယ့် ကျွန်တော့် ညီကိုယ်တိုင်ကလည်း ဒီနေရာက ပါဝင်ရမယ်ဆိုတာတော့ သိရတယ်။ ဒါပေမယ့် ဘာစကားပြောရမလဲဆိုတာကိုလည်း မသိရသေးတော့ အဓိက အနေနဲ့ အန်ကယ်လ်လေးပဲ သင်ပေးလိမ့်မယ် ထင်ပါတယ်’’ ဆိုပါတယ်။

Photo: Min Kha

ဂဠုန်ဦးစော ကို မမြင်ဖူးခဲ့ဘူးလို့လည်း သရုပ်ဆောင် မင်းခ က ပြောပါတယ်။ ပရိသတ်ရင်ထဲက အမုန်းတွေကိုလည်း အေးအေးဆေးဆေး ပြန်ဖြစ်စေချင်တယ်လို့ ဆက်လက်ပြောပြလာခဲ့ပါတယ်။

‘’အဘိုးကိုတော့ ကျွန်တော် မမီခဲ့ဘူး။ ကျွန်တော့်အဘွားတောင် မမီခဲ့ဘူးပေါ့နော်။ အဘိုးဆိုလည်း ဒီလိုနေရာမျိုးတွေ ထားခဲ့ပေးတယ်။ မိသားစုတွေ ဒီလိုရပ်တည်ဖို့အတွက် ထားခဲ့ပေးတယ်ဆိုတာလောက်ပဲသိတာ။ အဘိုးကြောင့်လည်း ရပ်တည်ဖို့ ခက်ခဲခဲ့တာတွေ သိပ်မရှိတော့ပါဘူး။ နှစ်တွေလည်း အများကြီး ဖြတ်သန်းလာပြီးပြီ။ ကျွန်တော့် သမီးလက်ထက်မှာ အေးအေးဆေးဆေးဖြစ်သွားရင် ကျေနပ်ပါပြီ’’ လို့ သူကဆိုပါတယ်။

Photo: Min Kha

သရုပ်ဆောင်မင်းခကို တော့ ဗီဒီယိုဇာတ်ကားတွေ၊ တီဗီဇာတ်လမ်းတိုတွေ၊ Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုပြီးသွားတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာတာမျိုး မတွေ့ရတော့ပါဘူး။ အခုလက်ရှိမှာလည်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းရှိသလို ပရိသတ်အရှေ့ကို ရောက်လာမယ့် ရုပ်ရှင်ဇာတ်ကားတွေလည်းရှိတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က