နေအိမ်နားကိုတော့ အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

အဆိုတော် ဂျေမီတို့မိသားစု(၃) ဦး လှိုင်မှာ Quarantine ဝင်နေရ နေအိမ်နားကိုတော့ အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

 

Photo : Tun Tun Lin



အဆိုတော် ဂျေမီတို့မိသားစု(၃) ဦး လှိုင်မှာ Quarantine ဝင်နေရ နေအိမ်နားကိုတော့ အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ အဆိုတော် ဂျေမီဟာ Covid -19 ရောဂါပိုးတွေ့ရှိခဲ့သူ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား၊ အဆိုတော်မျိုးကြီးတို့နဲ့ ရင်းနှီးပြီး ထိတွေ့ဆက်ဆံမှုရှိတာကြောင့် လက်ရှိမှာ ဂျေမီနဲ့ မိသားစုဝင်(၂) ဦး လှိုင်မှာ Quarantine ဝင်နေရတယ်လို့ သိရပါတယ်။

Photo : J Me

စမ်းချောင်းတောင်ရပ်ကွက် ၊ အမှတ်(၃၉) ၊ဦးဖီးလမ်းမှာ နေထိုင်တဲ့ အဆိုတော် ဂျေမီနဲ့ မိသားစုဝင်(၂)ဦးကို လှိုင်မြို့နယ်က Quarantine နေရာမှာ ထားထားတယ်လို့ စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။ “ဂျေမီနဲ့မိသားစုဝင်တွေကို တိုင်းကျန်းမာရေးနဲ့ချိတ်ဆက်ပြီးတော့ တောင်ဥက္ကလာပ ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူမယ်၊ ပြီးရင် လှိုင်က အသွားအလာကန့်သတ်ထားတဲ့ နေရာမှာထားမယ်ဆိုတာ သိရပါတယ်။ သူတို့ကားနဲ့သူတို့သွားတယ်လို့ သိရပါတယ်။နေအိမ်နား ပတ်ဝန်းကျင်ကိုတော့ လက်ရှိမှာ ပိုးသတ်ဆေးဖြန်းတာတွေ အသွားအလာကန့်သတ်တာတွေတော့ လုပ်ထားတယ်” လို့ စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဦးသော်တာအောင်က Duwun ကို ပြောပါတယ်။


အဆိုတော် ဂျေမီတစ်ယောက် ကျန်းမာရေးစစ်ဆေးမှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေလို့လည်း သူ့ရဲ့ ပရိသတ်တွေက ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေကနေ ဆုတောင်းစကားတွေ ဆိုထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ Covid -19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ အတူ ထိတွေ့ခဲ့တဲ့ အဆိုတော်မျိုးကြီးမှာလည်း Covid 19 ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် သူရဲ့ ပရိသတ်တွေစိတ်မကောင်း ဖြစ်လို့နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က