The Voice Myanmar (Season-3) ပြိုင်ပွဲဝင် ဂျပန်ကြီးကတော့ အဆိုတော် ကျားပေါက်ရဲ့ Team ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို အခုလို ပြောပြလာပါတယ်။
Photo: The Voice Myanmar
ဂျပန်ကြီးကိုတော့ ပရိသတ်တွေက The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့သူအဖြစ် ပရိသတ်တွေ စသိခဲ့တာပါ။ သူဟာ ဒိုင်လူကြီး(၄) ယောက်စလုံးရဲ့ လှည့်ကြည့်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဒိုင်လူကြီး(၄) ယောက်ထဲမှာမှ အဆိုတော် ကျားပေါက်ရဲ့ Team ကို ရွေးချယ်လိုက်တဲ့ ရည်ရွယ်ချက်ကို Duwun ကနေ ပြောပြလာပါတယ်။
ဂျပန်ကြီးဟာ တေးရေး၊ တေးဆို စည်သူ သီဆိုထားတဲ့ "ငါ့ဘဝ" ဆိုတဲ့ သီချင်းနဲ့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ သူပြိုင်ပွဲဝင်ခဲ့တဲ့ သီချင်းကို မသိတဲ့ သူတွေလည်းရှိတယ်လို့ ဂျပန်ကြီးက ဆိုပါတယ်။
“ အဆိုတော်တွေလည်း အများကြီးပဲ။ သီချင်းအသစ်တွေလည်း အများကြီး ထွက်နေကြတာဆိုတော့ သီချင်းကို သတိတာ မသိတာက အဓိက မကျပါဘူး။ တကယ်လေ့လာပြီးတော့ ဂီတကို လိုက်စားနေတဲ့သူတွေလည်းရှိကြပါတယ်။ ကိုယ်ကြိုက်တဲ့ လိုင်းက ကိုယ်ကြိုက်တဲ့ သီချင်းပဲလေနော်။ သီချင်းကို မသိဘူးဆိုတာကိုလည်း အပြစ်လို့ မြင်လို့ မရပါဘူး။ ကျွန်တော်ကတော့ သီချင်းဆိုရတာကို ဝါသနာပါတဲ့သူဖြစ်တာကြောင့် ရှေ့ဆက်ပြီး ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားဖို့ ဆုံးဖြတ်ထားပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: The Voice Myanmar
ဂျပန်ကြီးဟာ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင် သီချင်းအပြင် နောက်ထပ် သီချင်းတစ်ပုဒ်ကိုပါ ထပ်ဆိုဖို့အတွက် ဒိုင်တွေက တောင်းဆိုခြင်းခံခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ဂျပန်ကြီး အနေနဲ့ The Voice Myanmar (Season-3) ရဲ့ Blind Auditions ပြိုင်ပွဲကနေတဆင့် အားပေးတဲ့ ပရိသတ်တွေလည်း ရရှိလာခဲ့တာကို တွေ့ရပါတယ်။