“ ဒီနေ့ ည ကြေညာတဲ့ (၁၂)ဦးထဲမှာ အဆိုတော်မျိုးကြီးပါတယ်ဆိုတာ ဟုတ်ပါတယ်။ သူတစ်ယောက်တည်းပါ သူ့အမျိုးသမီးမပါဘူး။ အခုနေအိမ်ကို lockdown ချထားပါတယ်လို့ “ ဦးထွန်းမြင့်က ဆိုပါတယ်။
Photo : Myo Gyi
ဒီနေ့(ဧပြီ၁၃ရက်)ညမှာ ထုတ်ပြန်တဲ့ Covid -19 ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးထဲမှာ အဆိုတော်မျိုးကြီးလည်း ပါဝင်တယ်လို့ ဗဟန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကို ပြောပါတယ်။
“ ဒီနေ့ ည ကြေညာတဲ့ (၁၂)ဦးထဲမှာ အဆိုတော်မျိုးကြီးပါတယ်ဆိုတာ ဟုတ်ပါတယ်။ သူတစ်ယောက်တည်းပါ သူ့အမျိုးသမီးမပါဘူး။ အခုနေအိမ်ကို lock Down ချထားပါတယ်လို့ “ ဦးထွန်းမြင့်က ဆိုပါတယ်။
Photo : Myo Gyi
အဆိုတော်မျိုးကြီးရဲ့ သတင်းကြောင့် ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေ အားလုံး စိတ်မကောင်း ဖြစ်နေကြသလို ဒီရောဂါဆိုးကြီးကနေ အမြန်ဆုံးလွှတ်မြောက်နိုင်စေဖို့ ဆုတောင်းလို့နေကြတာကို လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တွေ့မြင်ရပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ Covid -19 Positive လူနာ(၁၂)ယောက်ထဲမှာ အဆိုတော် မျိုုးကြီးဟာ လူနာနံပါတ် ဘယ်လောက်လဲဆိုကိုတော့ မသိရသေးပါဘူး။ အဆိုတော်မျိုးကြီးဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး Covid -19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် Quarantine ဝင်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၅၃ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၄၀ ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)၊ မကွေးက တစ်ဦးစီ ဖြစ်ပါတယ်။