အမရာဆောင် Quarantine Center က လူတွေအားလုံး Negativeပါတဲ့။

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုပါ။

Photo: May Khine Ohn



လှိုင်မြို့နယ်မှာရှိတဲ့ အမရာဆောင် Quarantine Center မှာ Quarantine ဝင်နေတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ဆေးစစ်ချက် အဖြေကတော့ Negative ဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်မေခိုင်အုန်းက ဝမ်းသာအားရ ပြောပြလာပါတယ်။ 

"အမရာ Quarantine Center ကအားလုံး All NEGATIVE ပါ။ အားလုံး Negative ဆိုလို့ ထပ်ဆင့်ဝမ်းသာရတယ်။ဒီမှာတူတူရှိနေတဲ့ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေအတွက်ရော၊ အိမ်သာရေချိုးခန်း အများသုံးဆိုတော့ ဒီလာမိမှ ကိုယ့်ကိုပိုးကူးမှာလား စိတ်ထင့်နေရတာအတွက်ရောပေါ့" ဆိုပြီးတော့ ဧပြီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ 

Photo: May Khine Ohn

အဆိုတော် ဇော်ဝင်းထွဋ်ဟာ ဧပြီလ (၁၇) ရက်နေ့က COVID-19 ရောဂါကာကွယ်ရေး စင်တာတစ်ခုဖြစ်တဲ့ လှိုင်မြို့နယ်ရှိ အမရာဆောင်မှာ Quarantine ဝင်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း COVID-19 ရောဂါမရှိဖို့ မျှော်လင့်နေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ Quarantine ဝင်နေတဲ့ အချိန်မှာလည်း ဇော်ဝင်းထွဋ်ရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေတယ်လို့ သူ့ရဲ့ အမာခံပရိသတ်တစ်ဦးက ဇော်ဝင်းထွဋ်ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: May Khine Ohn

လက်ရှိမှာတော့ COVID-19 ရောဂါကူးစက်ခံနေရသူ (၁၂၁) ဦးရှိပြီဖြစ်ပါတယ်။ သေဆုံးသူ(၅) ဦးရှိပြီး ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီလို့ ဧပြီလ (၂၂)ရက်နေ့အထိ Update သတင်းတွေ အရ သိရပါတယ်။ 

အဆိုတော် ဇော်ဝင်းထွဋ်ကတော့ ဒီနေ့ အချိန်ထိ သီချင်းတွေ ဆိုနေတုန်းပါပဲ။ သူ့ကိုတော့ Rock ဘုရင် တစ်ဦးအဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့ ဂီတသက်တမ်းသာ နှစ် ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတိုင်းကလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ဟာ မြန်မာသံစဉ်ဝါရင့်အဆိုတော် ထား ရဲ့ သားတစ်ယောက်ပါ။ ဂီတမျိုးစက်နဲ့ ပတ်သက်ပြီး ဇော်ဝင်းထွဋ်ရဲ့ သား အီတိုးကလည်း ဂီတအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က