ကိုယ့်ကိုယ်ကိုယ်တော့ အဆိုတော်လို့ မသတ်မှတ်ဘူး။

နေလင်းကျော်ကတော့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိသေးတယ်လို့ ပြောပါတယ်။ ပိုက်ဆံအများကြီး အကုန်ခံပြီး Voting ပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း အားနာတယ်လို့ ဆိုပါတယ်။

Photo: Nay Lin Kyaw



နေလင်းကျော်ကိုတော့ Myanmar Idol (Season-4) သီချင်းဆို ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိပြီးသားဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ အဆိုတော် တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော့်အနေနဲ့ကတော့ အများကြီး လိုအပ်ပါသေးတယ်။ အများကြီးလိုတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း သိတယ်။ အဲဒီအတွက် အများကြီး ကြိုးစားရဦးမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အဆိုတော် တစ်ယောက်လို့တော့ မသတ်မှတ်ပါဘူး။ အဆိုရှင် တစ်ယောက်လို့ပဲ သတ်မှတ်ပါတယ်။ သီချင်းဆိုတဲ့အရာကို သဘောကျတဲ့သူတစ်ယောက်ပါပဲ” လို့ သူကဆိုပါတယ်။

Photo: Nay Lin Kyaw

Myanmar Idol သီချင်းဆို ပြိုင်ပွဲကတော့ နေလင်းကျော်အတွက် မမေ့နိုင်စရာ အမှတ်တရဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပါဝင်ခွင့်ရခဲ့တာကိုလည်း ကျေနပ်ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။

“ ကျွန်တော်ကတော့ ဒီပြိုင်ပွဲမှာ ရှိခဲ့တဲ့ အချိန်တွေ၊ ယှဉ်ပြိုင်ခဲ့ရတဲ့ အချိန်တွေမှာ ပျော်ရွှင်ခဲ့ရပါတယ်။ ပီတိလည်း ဖြစ်ခဲ့ရတယ်။ ပါဝင်ခွင့်ရတာနဲ့တင်ကို ကျေနပ်နေပါပြီ” ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့က ပရိသတ်တွေနဲ့ အတူ စတုဒီသာ လုပ်ခဲ့တဲ့ အချိန်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Nay Lin Kyaw

နေလင်းကျော်က Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ပိုက်ဆံများစွာ အကုန်ခံပြီး Voting ပေးခဲ့ကြတဲ့ ပရိသတ်တွေကို အရမ်းအားနာမိတယ်လို့ ဆိုပါတယ်။

“ပြိုင်ပွဲမှာ ကျွန်တော့်ကို အရမ်းကြီး Vote ကြတဲ့အပေါ် စိတ်မကောင်းဘူး။ တချို့တွေဆို သိန်းဆယ်ချီပြီးတော့ Vote ကြတယ်ပေါ့နော်။ သူတို့ကိုလည်း အပြင်ကနေပြီးတော့ အဲဒီလောက် အများကြီး Vote မလုပ်ဖို့ တောင်းဆိုထားပါတယ်။ အခုခေတ်မှာ စီးပွားရှာရတာလည်း မလွယ်ဘူးလေ။ အဲဒါကြောင့်မို့လို့ အများကြီး မVote ကြပါနဲ့ ပြောရတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အားနာတတ်တာကိုး” ဆိုပြီးတော့လည်း ဆက်လက် ဖြေဆိုခဲ့ပါသေးတယ်။

Photo: Ran

နေလင်းကျော်ကိုတော့ Myanmar Idol (Season-4) ဂီတလောကထဲကို စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီ သီချင်းဆိုပြိုင်ပွဲမှာတော့ Top-10 အထိ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ Top-10 ( 3rd Week )Result Show မှာတော့ သူဟာ နှုတ်ဆက်ထွက်ခွာခဲ့ရသူ တစ်ယောက်ပါ။ နေလင်းကျော်ရဲ့ Voting နံပါတ်ကတော့ 77709 ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က