ပဏာမအဆင့် ဒေါ်လာ ၁၀၀၀ စီပေးသွားမှာပါ

     မြန်မာနိုင်ငံအဝှမ်းမှာ ရှိတဲ့ နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်များမှ ထူးချွန်တဲ့ ကျောင်းသား ၅၀ ကို ပညာသင်ဆုပေးမယ့် ICT Talent Development Program အတွက် နားလည်မှု စာချွန်လွှာ MoU ရေးထိုးပွဲကို ဒီဇင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo: mizzima



         ပညာရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့Huawei နဲ့ပါမောက္ခချုပ်များ ကော်မတီ တို့အကြား MoU ရေးထိုးခဲ့တာ ဖြစ်ပြီး ကဏ္ဍ ၆ ခုပါဝင်မယ်လို့ဆိုပါတယ်။

         ICT Talent Development Program မှာ ပထမအကြိမ် ICT ဒီပလိုမာသင်ရိုးစနစ် စတင်ခြင်း ၊ Seeds for the Future အစီအစဉ် ၊ Huawei Authorized Information and Network Academy (HAINA) တည်ထောင်ခြင်း ၊ ထူးချွန်ကျောင်းသား ၅၀ ကို ပညာသင်ဆု ပေးခြင်း ၊ ICT နှင့်သက်ဆိုင်သည့် သိပ္ပံသုတေသနပံ့ပိုးမှု ၊ Huawei CSIC (Customer Solution Innovation & Integration Center) ရဲ့ Youth Open Day အစီအစဉ်တို့ပါဝင်မှာပါ။

         ထူးချွန်ကျောင်းသား ၅၀ အတွက် ICT Scholarship ပဏာမတစ်ပိုင်းချင်းစီမှာ ဒေါ်လာ ၁၀၀၀ စီပေးအပ်သွားမယ်လို့ဆိုပါတယ်။ ဒီနားလည်မှုစာချွန်လွှာဟာ ၂၀၁၄ ခုနှစ်မှာ စတင်ချုပ်ဆိုခဲ့တဲ့ သဘောတူစာချွန်လွှာရဲ့ အဆက်ဖြစ်ပြီး ဒီအစီအစဉ်ကနေ ၄ နှစ်အတွင်း ICT ထူးချွန်ကျောင်းသား ၁၅၀၀ ကျော် မွေးထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က