အိုဇေးလ်အနေနဲ့ အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

အပြောင်းအရွှေ့ပိတ်သိမ်းခါနီးနောက်ဆုံးအချိန်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့စီစဉ်ခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်သိမ်းခါနီးအချိန်တွင် အသင်းကနေထွက်ခွာဖို့စီစဉ်ခဲ့ တဲ့အဓိကကွင်းလယ်ကစားသမားဖြစ်သူ အိုဇေးလ်ကို အသင်းမှာဆက်ရှိနေဖို့အတွက် ခက်ခက်ခဲခဲထိ န်းသိမ်းခဲ့ရတယ်လို့ Dailymail က ဖော်ပြလာပါတယ်။

အိုဇေးလ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ပိတ်သိမ်းခါနီးနောက်ဆုံးအချိန်တွင် အရှေ့အလယ်ပိုင်းနို င် ငံတစ်နိုင်ငံဖြစ်တဲ့ ကာတာနို်င်ငံအသင်းအများစုရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ကစားသမားဖြစ်သူ ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုရှိခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့တာပါ။



နိုင်ပွဲရခဲ့တဲ့ အက်ဖ်အေဖလားစတုထ္ထအဆင့်ပွဲစဉ်မှာ လူငယ်ကစားသမားတွေကို ချီးကျူးမှတ်ချ က်ပြု ခဲ့တဲ့ အိုဇေးလ်အပေါ် ပရိသတ်အချို့က ရင့်ရင့်သီးသီးဝေဖန်ခဲ့ပြီးနောက် ကစားသမားဖြစ်သူကိုယ်တိုင် က အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိတယ်လို ့ သုံးသပ်မှုအချို့လည်း ရှိနေခဲ့ပါတယ်။

Mirror.comရဲ့ဖော်ပြချက်အရအာဆင်နယ်အသင်းအနေနဲ့အိုဇေးလ်ရဲ့ဆုံးဖြတ်ကြောင့် အေ ပြာင်းအ ရွှေ့စျေးကွက်ပိတ်သိမ်းခါနီးနောက်ဆုံးအချိန်တွင် အခက်အခဲများစွာရင်ဆိုင်ခဲ့ရပြီး အစားထိုးနို င် တဲ့ ကစားသမားအချိန်မီရှာမတွေ့ခဲ့တဲ့အတွက် အပြောင်း အရွှေ့ကိုပိတ်ပင်ခဲ့ရတာဖြစ်တယ်လို့လည် း အခိုင်အမာဖော်ပြသွားခဲ့တာပါ။

ဆက်စပ်သတင်းတွေအရ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ အိုဇေးလ်ကို အသင်းအတွက်ဆက် ကစားပေးဖို့ ပုဂ္ဂိုလ်ရေးအရတောင်းဆိုမှုအချို့ပြုလုပ်ခဲ့ရပေမယ့် ကစားသမားဖြစ်သူကတော့ ရာသီကု န်မှာ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာလည်းဖြ စ်ပါတယ်။

Share

က္က