တောင်ကိုရီးယားမှာ လေလံပွဲလုပ်ပြီး ရောင်းချခဲ့တာပါ။

မတ်လအတွင်းက အီရန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲမှာ ဆွန်ဟောင်မင်ဝတ်ဆင်ကစားခဲ့တဲ့ ဖိနပ်ဟာ ဝမ် ၁၆ သန်း (ဒေါ်လာ ၁၂၇၈၀) နဲ့ လေလံတင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ လေလံပွဲကို တနင်္လာနေ့က ကျင်းပခဲ့တာဖြစ်ပြီး နောက်ဆုံးနေ့မှာ လက်ရွေးစင်အသင်းပစ္စည်းတွေကို စုဆောင်းရောင်းချခဲ့တာဖြစ်ပြီး ကိုရီးယား-ဂျပန် ပူးတွဲကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ပေါင်း ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တာပါ။ 

ဒီဖိနပ်မှာတော့ ဆွန်ဟောင်မင်ကို ရေးထိုးပေးထားတဲ့ လက်မှတ်လည်း ပါဝင်ပါတယ်။ အရင်နေ့တွေက လေလံစျေးပေးမှုမှာ ဝမ်တသိန်းကနေ ဝမ်ငါးသိန်းအထိသာရှိခဲ့ပေမယ့် နောက်ဆုံးနေ့မှာတော့ လေလံဆွဲသူတွေဟာ တကြိမ်ကို ဝမ် ၁ သန်းအထိ စျေးမြှင့်တင်ကာ အပြိုင်အဆိုင်လေလံဆွဲခဲ့ကြပြီး နောက်ဆုံးမှာ ဝမ် ၁၆ သန်းနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ 

လေလံပွဲစတင်ပြီး နှစ်မိနစ်အတွင်းမှာပဲ ဝမ် ၂၂၀၀၀၀ နဲ့ စတင်ခဲ့တဲ့ ဖိနပ်ဟာ ဝမ် ၁၀ သန်းကျော်လွန်သွားခဲ့တယ်လို့လည်း သိရပါတယ်။ Yoo လို့ နာမည်ပေးထားတဲ့ အမျိုးသားတဦးက ဝမ် ၁၃ သန်းအထိပေးကာ ဝယ်ယူခဲ့ပေမယ့် Red Devil အကျီဝတ်ဆင်ထားတဲ့ အသက် ၂၄ နှစ်အရွယ် ဘောလုံးပရိသတ်တဦးဖြစ်သူ Lee Jae-ho က ချက်ချင်းပဲ ဝမ် ၁၆ သန်းအထိ ပေးချေမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီနောက်မှာတော့ ဝမ် ၁၆ သန်းကို အပြိုင်လိုက်မပေးနိုင်တော့ဘဲ Lee က အနိုင်ရရှိခဲ့ပါတယ်။ ကောလိပ်ကျောင်းသားတဦးလည်းဖြစ်တဲ့ Lee ဟာ "ကျနော့်ပိုက်ဆံတော့မဟုတ်ပါဘူး၊ အဖေက ထောက်ပံ့ပေးတာပါ၊ ကျနော် လေလံဝင်ဆွဲတာဘာလို့လဲဆိုတော့ ဟောင်ဟီချန်ရဲ့ ဖိနပ်ကို ဝယ်သွားတဲ့စျေးနှုန်းကိုတွေ့ပြီး ကြိုးစားသင့်တယ်လို့ ထင်ခဲ့လို့ပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ဒီဖိနပ်နဲ့အတူ Lee ဟာ ၁၄ ရက်နေ့မှာ ကစားမယ့် တောင်ကိုရီးယားနဲ့ အီဂျစ်ပွဲစဉ်အတွက်လည်း လက်မှတ် ၄ စောင်ရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားရဲ့ သူရဲကောင်းတဦးဖြစ်နေတဲ့ ဆွန်ဟောင်မင်ရဲ့ ပစ္စည်းဟာ လေလံပွဲမှာ စျေးအကြီးဆုံးလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က