ရာသီမစမီ ၄ ရက်မှ ရောက်ရှိလာသူပါ။

၂၀၁၈-၂၀၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် လက်စတာစီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ ပေါ့ဂ်ဘာဟာ လက်ရှိအခြေအနေမှာ အသင်းကနေ အပြစ်ပေးခြင်းခံရမှာကို စိုးရိမ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

1533928343406_lc_galleryImage_epa06941540_Manchester_Un.JPG

Photos: Daily Mail

 

ပြင်သစ်လက်ရွေးစင်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တဲ့ပေါ့ဂ်ဘာဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် မစတင်မီ ၄ ရက်အလိုမှ အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အားလပ်ရက်အပြည့်အဝရယူခဲ့ပြီး နည်းပြမော်ရင်ဟိုက အသင်းကို စောပြန်လာဖို့ တောင်းဆိုခဲ့ပေမယ့် လက်မခံခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ပေးခဲ့ပါတယ်။

နောက်ဆုံးရ နံနက်ခင်းသတင်းများ 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေ့ါဂ်ဘာဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ အသင်းဟောင်းဂျူဗင်တပ်အသင်းတို့က ပေါ့ဂ်ဘာကို စိတ်ဝင်စားခဲ့ပေမယ့် အသင်းမှာပဲ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။

Photos: Soccerinfomania

 

နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အရန်ခုံမှာ အချိန်အတော်ကြာအချိန်ဖြုန်းခဲ့ရသူ ပေါ့ဂ်ဘာက မန်ချက်စတာယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေလားဆိုတဲ့ မေးခွန်းကို အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျွန်တော် ပြောပြလို့ရတဲ့ တချို့အရာတွေရှိတယ်။ ပြောပြလို့မရတဲ့အရာတွေလည်း ရှိနေပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော် အပြစ်ပေးခံရမှာပေါ့"

"လူတွေက ခင်ဗျားကို ယုံကြည်မှုပေးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်မှုရှိမယ်ဆိုရင် အားလုံးက လွယ်ကူသွားပါလိမ့်မယ်"

"ကျွန်တော် အမြဲတမ်း ပရိသတ်တွေနဲ့အသင်းဖော်တွေကို ဘာတွေပဲဖြစ်နေဖြစ်နေ အကောင်းဆုံးဆိုတာတွေပဲ ပေးသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ အသင်းမှာနေရတာ မပျော်မရွှင်ဖြစ်နေတာကြောင့် အသင်းရဲ့ဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်ကို အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောကြားခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ပေါ့ဂ်ဘာက မိမိအနေနဲ့ အသင်းကို အမြဲတမ်း ချစ်မြတ်နိုးခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အမြဲတမ်း အသင်းကို ချစ်ခဲ့ပါတယ်။ မန်ယူအကယ်ဒမီမှာ ကျွန်တော် ကြီးပြင်းခဲ့တာပါ။ အကယ်ဒမီကနေ ပထမအသင်းအတွက် ကစားပေးခဲ့ရတာပါ။ ကျွန်တော့်အတွက်ကတော့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က