အဲဗာတန်ကို ရှုံးနိမ့်အပြီးမှာ ညည်းတွားပြောဆိုခဲ့တာပါ။

ရစ်ချာလီဆန် နဲ့ ဆီဂတ်ဆန်တို့ရဲ့သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ အရေးနိမ့်ခဲ့ရပြီး အဆင့် (၆)နေရာမှာသာ ဆက်လက်ရှိနေခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြ ဆာရီက အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး နားမလည်နိုင်အောင် ဖြစ်ရကြောင်း နဲ့ ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာကို လုံးဝမသိတော့ဘူးလို့ ညည်းတွားပြောဆိုလိုက်ပါတယ်။ ရစ်ချာလီဆန် နဲ့ ဆီဂတ်ဆန်တို့ရဲ့သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ အရေးနိမ့်ခဲ့ရပြီး အဆင့် (၆)နေရာမှာသာ ဆက်လက်ရှိနေခဲ့ရပါတယ်။



ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ စပါး၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ အပြိုင်ဆိုင်ဖြစ်နေချိန်မှာ ဆာရီရဲ့ အသင်းက ပုံစံကောင်းကို မပြသနိုင်ခဲ့ပဲ အရေးနိမ့်ခဲ့ရပါတယ်။ ဒီအတွက် ပွဲစဉ်အားလုံး တူညီနေခဲ့ပြီးနောက်မှာ ချယ်လ်ဆီးဟာ စပါးနဲ့ (၄)မှတ်၊ အာဆင်နယ်နဲ့ (၃)မှတ်၊ ယူနိုက်တက်နဲ့ (၁)မှတ်ကွာဟနေခဲ့ပြီး လက်ကျန် (၈)ပွဲကို အကောင်းဆုံးကြိုးစားရတော့မှာ ဖြစ်ပါတယ်။

"ကစားသမားတွေ ဘာတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာကို ကျွန်တော် မသိဘူး၊ ဒီအပြောင်းအလဲအတွက် ကျွန်တော် တကယ်မရှင်းပြတတ်တော့ပါဘူး၊ ပထမပိုင်း ကစားပုံက ကျွန်တော့်အထင်အရဆိုရင် ဒီရာသီမှာ အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ လေးငါးဂိုးလောက် သွင်းနိုင်ခဲ့သင့်ပေမယ့်လည်း ရုတ်တရက်ကြီး ကစားပုံက ရပ်တည့်သွားခဲ့ပါတယ်၊ ဒါ အရမ်းထူးဆန်းပါတယ်"

"ခံစစ်ပိုင်း၊ တန်ပြန်တိုက်စစ်ကစားပုံတွေက ရပ်ဆိုင်းသွားခဲ့တာပါ၊ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါသေးတယ်၊ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ဖို့ လိုအပ်နေပြီး ရှေ့ဆက်နိုင်ဖို့ ကြိုးစားရတော့မှာပါ၊ ဒုတိယပိုင်း ပြန်စပြီးတော့ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ တော်တော်လေး ထူးဆန်းပြီး နားမလည်နိုင်လောက်အောင်ပါပဲ"

"အသင်းကစားပုံကို ပြောင်းလဲခဲ့ပေမယ့်လည်း ကစားပုံက အတူတူပါပဲ၊ ဒါက အရမ်းခက်ခဲပါတယ်၊ အဓိကပြသနာက စိတ်ပိုင်းဆိုင်ရာလို့ ကျွန်တော်ထင်ပါတယ်၊ ကွင်းအတွင်းမှာ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ ပြသနာဖြစ်လာခဲ့ပြီဆိုရင် ဖွဲ့စည်းပုံတွေ၊ စနစ်တွေ၊ နည်းစနစ်တွေနဲ့ မလုံလောက်တော့ပါဘူး၊ ပွဲအစပိုင်းကို ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့်လည်း ဘာတွေဖြစ်ခဲ့လဲ ကျွန်တော် မသိတော့ပါဘူး" လို့ ဆာရီက ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က