အခုတော့ အသက် ၂၈ နှစ်ပဲရှိပါသေးတယ်။

အိချောပိုက အိမ်ထောင်ရေးအပေါ် သူမရဲ့ခံယူချက်ကို အခုလို ပြောပြလာပါတယ်။ သူမက အခုဆိုရင် အသက် ၂၈ နှစ်ရှိပြီဖြစ်ပါတယ်။

 

Photo: P.M.Z ပါပါရာဇီ

ပြီးခဲ့တဲ့ ရက်ပိုင်းက အသက် ၂၈ နှစ်ပြည့်ခဲ့တဲ့ သရုပ်ဆောင် အိချောပိုက အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရင်ဖွင့် ပြောပြလာပါတယ်။ အိမ်ထောင်ပြုချိန်တန်ရင်တော့ အိမ်ထောင်ပြုမယ်လို့ မီဒီယာတွေကနေတဆင့် ပြောခဲ့တာပါ။

''လောလောဆယ်တော့ မထားဘူးရယ်လို့ မဟုတ်ဘူးပေါ့လေ။ ထားဖူးတယ် ဒါပေမယ့် အခုချိန်မှာတော့ တစ်ယောက်တည်းပဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေတယ်။ အနုပညာအလုပ်တွေကလည်း တောက်လျှောက်လုပ်နေရတာဆိုတော့ အချိန်မပေးဖြစ်သေးဘူးပေါ့။ တကယ် အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်ပြီ ပြုရတော့မယ်ဆိုရင်လည်း ပြုမှာပေါ့လေ'' လို့ ဆိုပါတယ်။

 

Photo: အလင်းရောင်

အိချောပို က သူမရဲ့ အသက် ၃၀ ကျော်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။ ဒါကလည်း သူမရဲ့ ကံတရားနဲ့သာ သက်ဆိုင်တယ်လို့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဒါကလည်း အိချောရဲ့ ကံတရားနဲ့ ဆိုင်တာပေါ့နော်။ ကိုယ်နဲ့ဖူးစာပါရင်တော့ အခုချက်ချင်းလည်း အိမ်ထောင်ကျရင် ကျသွားမှာပဲလေ။ ကြိုပြောလို့တော့ မရဘူး၊ အိချော Target ထားတာကတော့ မိန်းကလေးဆိုတာ အသက် ၃၀ ကျော်ရင်တော့ အိမ်ထောင်ပြုသင့်ပြီထင်တာပဲ။ အခုတော့ အများကြီးလိုသေးတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

Photo: အလင်းရောင်

အသက်အရွယ် ရလာတာနဲ့အမျှ ရင့်ကျက်မှုလေးတွေလည်း ရှိလာတယ်လို့ အိချောပိုက Duwun Media ကို ပြောခဲ့ပါသေးတယ်။ သူကိုယ်တိုင်ကလည်း လူတိုင်းအပေါ် ကောင်းတဲ့စိတ်နဲ့ မြင်နိုင်အောင် ကြည့်တယ်လို့ သူကဆိုပါတယ်။

'' အရေးကြီးတာက လူက စိတ်ထားလေး ကောင်းကောင်းမွန်မွန်ထားမယ်၊ အားလုံးအပေါ်မှာ မကောင်းစိတ်မြင်တဲ့ဟာလေး တွေကို လျှော့တယ်။ များသောအားဖြင့်လေ လူတစ်ယောက်ကို ကြည့်မယ်ဆိုရင် ကိုယ့်အပေါ် ဘယ်လောက်ပဲ မကောင်းနေနေ ဗြုန်းကနဲဆို အဆိုးကိုမြင်ကြတယ်။ အိချောကတော့ အဲ့ဒီလိုမရှိဘူး လူတစ်ယောက်ကို ပေါင်းတော့မယ်ဆိုရင် အကောင်းမြင်စိတ်ကလေးပဲရှိတယ်'' လို့သူကဆိုပါတယ်။

 

Photo: Zaw G

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေ အားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။

Share

Loading Next Article...
က္က