အလုပ်ကြမ်းတွေ လုပ်ခဲ့ရတာလည်း အများကြီးပါပဲ။

ဇေရဲထက်ဟာ သူများဆိုင်မှာ ဆံပင်ညှပ်အလုပ်သမားဘဝကနေ အခုလို အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့ ဘဝဖြတ်သန်းမှုတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ 

Photo: Zay Ye Htet



သရုပ်ဆောင် ဇေရဲထက်ကတော့ သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်က ဖြတ်သန်းခဲ့ရတဲ့ ဘဝအစိတ်အပိုင်း တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ နေထိုင်ခဲ့တာ ဖြစ်ပြီး အသက်ငယ်ပေမယ့်လည်း မိသားစုအတွက် ဘဝကို စတင်ရုန်းကန်ခဲ့ရတဲ့ အချိန်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"မိသားစုအဆင်မပြေတဲ့အချိန်မှာ ကိုယ့်ကြောင့်လည်းစိတ်မညစ်စေချင်သလို အဘွားအိမ်မှာလည်း အပူကပ်ပြီးမနေချင်ခဲ့ဘူးလေ။ အိမ်ပေါ်ကဆင်းပြီး ဆံပင်ညှပ်ဆိုင်မှာအလုပ်လုပ်တယ် လစာမဲ့တစ်ရက် (၅၀၀) အဆင်မပြေ ကာစတန်မာတွေပေးတဲ့မုန့်ဖိုးလေးတွေစုပြီး တစ်သောင်းရရင်အတိုးပေးစားတယ်။ ရတဲ့ အတိုးလေးတွေကို စုရင်းဆိုင်ကယ် ဝယ်ပြီး ကယ်ရီငှားစားတယ် တစ်ရက် (၄၅၀၀)တစ်လကို (၁၃၅၀၀၀)အာ့လိုနဲ့စုခဲ့ရတယ်။ အသက် (၁၇) နှစ်အရွယ်မှာ သက်ကယ်တွေ ရောင်းခဲ့တယ်။ အာ့အရွယ်က လူငယ်လေးတွေ လူငယ်တို့သဘာဝအတိုင်းပျော်ပါးနေရမယ့်အချိန်မှာ အလုပ်ကို ဇယ်တောက်သလို လုပ်နေခဲ့ရတာပါ” ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Zay Ye Htet

သူဟာ လူငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို မပိုင်ဆိုင်ခဲ့ရဘူးလို့လည်း ဇေရဲထက်က ပြောပါတယ်။ ဘဝရဲ့ ရုန်းကန်ရမှုတွေဟာ အင်မတန်ကို များလွန်းတာကြောင့် ကြိုးစားချင်စိတ်တစ်ခုတည်းနဲ့ အားတင်းခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ 

"ကျွန်တော့်ဘဝမှာ လျှောက်လှမ်းခဲ့တဲ့တစ်ရက်ချင်းစီ မှာခက်ခဲကြမ်းတမ်းမူ့တွေ မောပန်းမူ့တွေ ပျော်ရွှင်ချိန်တွေ ကြောက်လန့်စရာတွေ ထိတ်လန့်မှု့တွေ အများကြီး ရှိခဲ့ပါတယ်။ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေကို အမြဲတမ်း အိပ်ယာမဝင်ခင် အမြဲတမ်းရေရွတ်တယ်။ အောင်မြင်တဲ့လူေ တွအကြောင်းဖတ်တယ်။ သူတို့တွေဘယ်လိုဖြတ်သန်းလာတယ်ဘယ်လိုအောင်မြင်လာတယ် ကျရှုံးမှုတွေရှိတယ်။ ပြန်ထတယ်၊ အောင်မြင်တယ်၊ ဒါတွေဖက်လာတော့ အားရှိလာတယ်။ ခွန်အားတွေတတ်လာတယ်၊ ငါလည်းတစ်နေ့ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့အသိတွေရှိလာတယ်။ရန်ကုန်လိုက်လာပြီး ဘယ်မှာအလုပ်လျှောက်တယ်ထင်လည်း သကြားလုံးစက်ရုံဗျို့ သကြားအိတ်ထမ်းဖို့ အလုပ်သွားလျှောက်တာ။ ပြီးတော့ ဦးလေးဖြစ်သူရဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း ပညာသင်ခဲ့ရတယ်" လို့ သူက ပြောပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်ဟာ အနုပညာအလုပ်ကို ဝါသနာပါသူဖြစ်တာကြောင့် အလုပ်ကြမ်းတွေ လုပ်ရင်း ရုပ်ရှင်ရိုက်ကွင်းတွေကို သွားကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သရုပ်ဆောင်အလုပ်လုပ်ဖို့ အခွင့်အရေးရှိလာတဲ့ အချိန်မှာ အနှိမ်ခံခဲ့ရတဲ့ နေ့တွေကို ရင်ဆိုင်ခဲ့ရတဲ့အကြောင့် ရင်ဖွင့်ပြောပြခဲ့ပြန်ပါသေးတယ်။ 

"ကျွန်တော်အခုလိုရေးပေးတာက လူတိုင်းမှာသမိုင်းရှိတယ် အာ့သမိုင်းက လှနေဖို့တောလိုတယ်။ သူကတော့ လမ်းပေါ်ကကောင်၊ ကလေကချေကောင်၊ ဒီလိုနေရာမျိုး (သရုပ်ဆောင်) ဘဝနဲ့မထိုက်တန်ပါဘူးလို့ ပြောခဲ့တာတွေ တစ်သက်မမေ့ဘူး ။ နှစ်နှစ်ပဲခံမယ်တဲ့ အနုပညာသက်တမ်းကတဲ့ ဝါသနာပါလို့လုပ်နေသလို ရတဲ့ပမာဏကလည်း မက်မောစရာဖြစ်စေတော့ ပိုပြီးကြိုးစားတယ်။ အခုဆို(၁၀)စုနှစ်တစ်ခု တိုင်ခဲ့ပြီ။ ဒါပေမယ့်မှတ်တိုင်မရှိသေးဘူး။ အရေးကြီးတာက ကိုယ်ကိုတိုင်ပဲ ကိုယ်သာလျှင်ကိုယ်ရဲ့ပဲ့ကိုင်ရှင်ပါ ။ အဲဒီ ပြီးပြည့်စုံတဲ့အောင်မြင်မူ့ရအော င် လုပ်သင့်လုပ်ထိုက်တဲ့အလုပ် အချိန်ကိုတန်ဖိုးထားပြီး ဘဝကိုမြှင့်တင်ကြပါလို့ပြောချင်ပါတယ်။ကျွန်တော်လည်းကြိုးစားလျက်ပါ" ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Zay Ye Htet

လက်ရှိမှာတော့ ဇေရဲထက်ဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အတွက် သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ လယ်ဝေးမြို့အတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဘဝအခြေအနေတွေကို ပြောပြခဲ့တာဟာ ပရိသတ်တွေ သင်ခန်းစာရစေချင်လို့၊ ဗဟုသုတ ရစေချင်တဲ့ ဆန္ဒ ကြောင့်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ရုပ်ရှင်ချောမောလွန်းတာကြောင့် လူကြီးလူငယ် ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိခဲ့တာဖြစ်ပြီး TV ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးခဲ့ရတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က