ကြာစိကတော့ အသက် ၄၀ ပြည့် မွေးနေ့ပွဲကို ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်. မိသားစုအပေါ် တာဝန်ကျေ လွန်းတဲ့ ခင်ပွန်းအတွက် ဇနီးချောလေးရဲ့ မွေးနေ့ ဆုတောင်းကလည်း တကယ်ကို ကြည်နူးစရာပါ။
Photo: ဆုဟန်နီဖြိုး
ဟာသလူရွှင်တော် သရုပ်ဆောင် ကြာစိတစ်ယောက် ဇန်နဝါရီလ ၈ ရက်နေ့က အသက် ၄၀ ပြည့်သွားပြီလို့ သိရပါတယ်။ ထိပ်စီး ပြောင်းသွားတဲ့ မွေးနေ့ အမှတ်တရအတွက် သူ့ရဲ့ ချစ်ဇနီးချောလေး ဆုဟန်နီဖြိုးက အခုလို မွေးနေ့ ဆုတောင်း ပေးခဲ့ပါတယ်။
'' Happy Birthday ပါကိုကို၊ နှစ်လေးဆယ်မှ နှစ်တစ်ရာ့နှစ်ဆယ်တိုင် မိန်းမဆိုးသမျှသည်းခံ အလိုလိုက်ပြီးတစ်နေ့ ထက်တစ်နေ့ ပိုချစ်ပေးပါလို့။ ပြီးတော့ မွေးနေ့လက်ဆောင်လေးအနေနဲ့ ပြောချင်တာတော့ "ချစ်တယ်နော်" ပြီး တော့ တာဝန်ကျေလွန်းတဲ့ ခင်ပွန်းကောင်းလေး ကျေးဇူးတင်ပါတယ်နော်။ ထာဝရ အေးချမ်း ပျော်ရွှင်ပြီးစိတ်ရှိတိုင်းပေးကမ်းလှုဒါန်းနိုင်သူ ဖြစ်ပါစေနော်'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီ ၄၆ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။
Photo: ဆုဟန်နီဖြိုး
ကြာစိက လက်ရှိမှာတော့ မိသားစုနဲ့ အတူ တောင်ကြီးမြို့မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာလည်း သူချစ်ရတဲ့ မိသား စုနဲ့ အတူ ဘုရားသွား၊ ကုသိုလ်ယူတာတွေ လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် ချစ်ဇနီးချော လေးနဲ့ အတူ မိတ်ဆွေ အပေါင်း အသင်း တွေရဲ့ မွေးနေ့ Surprise လုပ်တာကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီ့အတွက်လည်း သူကိုယ်တိုင်က ဝမ်းသာပီတိဖြစ်လို့ နေပါတယ်။
photo: ဆုဟန်နီဖြိုး
ကြာစိတစ်ယောက် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတာကြောင့် ချစ်ဇနီးနဲ့ သမီးလေးကို ခဏတာ ခွဲခဲ့ရသူပါ။ အခုတော့ ရိုက်ကူး ရေး တွေပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ သမီးလေးကို အလွမ်းသယ်ပြီး လက်ကမချနိုင်တော့ဘူး ဆိုတာကိုလည်း ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ဖူးပါတယ်။
Photo: ဆုဟန်နီဖြိုး
သရုပ်ဆောင်ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုး တို့က ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာပါ။ လူရွှင်တော် 5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ကြာစိရဲ့ ဘဝအကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့ပါတယ်။