ပိုပိုကတော့ ဒီနေ့(မေလ၁၆ရက်)မှာ အသက်(၃၀) ပြည့်သွားခဲ့ပါပြီ။ အရင်နှစ်တွေလို သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကို မဖြတ်သန်းရတာတော့ စိတ်မကောင်းဘူးလို့ သူမက ဆိုပါတယ်။
အဆိုတော် ပိုပိုက သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ဖြတ်သန်းလို့နေပါတယ်။ မွေးနေ့လေးအလှူအနေနဲ့ မြောက်ဒဂုံခေမာသီရိ သီလရှင်ကျောင်းမှာ ဝတ္တုငွေများနဲ့ ဆန်များသွားရောက်လှူဒါန်းခဲ့သလို မွေးနေ့အစီအစဥ်တွေကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။
“ဒီလို Covid-19 ကာမှာ သီလရှင်ကျောင်းတွေလည်း အခက်အခဲရှိကြမှာလေ အဲ့ဒါကြောင့် ဒီနှစ်မွေးနေ့ကို သီလရှင်ကျောင်းမှာ လှူဖို့ စဥ်းစားခဲ့တာပါ။ ဆန်နဲ့ ဝတ္တုငွေလှူခဲ့ပါတယ်။ မွေးနေ့မှာ မနက်ပိုင်းလှူတယ်။ညနေ ပိုင်းကတော့ အိမ်ကလူတွေနဲ့ မွေးနေ့ကိတ်ခွဲပြီး live လွှင့်ဖို့ စီစဥ်ထားတယ်”လို့ သူမက Duwun ကို ပြောပါတယ်။
ပိုပိုဟာ အလှူအတန်းတွေနဲ့ ပတ်သက်ရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ Covid -19 ကြောင့် အနုပညာအလုပ်တွေ နားထားကြရပေမယ့်လည်း သူမတတ်နိုင်တဲ့ဘက်က လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းနေသူပါ။ သူမရဲ့ အလှူအတန်းတွေနဲ့ ပတ်သက်ပြီးသူမရဲ့ ပရိသတ်တွေ အမြဲတမ်း ကြည်နူးပီတိ ဖြစ်ရတာလည်းတွေ့ရပါတယ်။
အသက်(၃၀) ပြည့်သွားပြီ ဖြစ်တဲ့ ပိုပိုက ဒီနှစ်မွေးနေ့မှာ သူငယ်ချင်းတွေနဲ့အတူတူ ဖြတ်သန်းခွင့်မရတာတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။
“တ ခြား မွေးနေ့တွေထက်ဒီ နှစ် မွေးနေ့ကအသက်၃၀ဖြစ် သွားတော့အသက် ကြီးသွားသလိုခံစားရတယ်။ ပြီးတော့ ဒီနှစ်မွေးနေ့ တခြားနှစ် တွေတုန်းလိုမကဲရမ သောင်းကျန်းရ တော့စိတ် တော့မ ကောင်းဘူး” လို့ သူမရဲ့ ခံစားချက်ကို ပြောခဲ့ပါတယ်။
ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။