မိုရီဆာကီဝင်းကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ မွေးနေ့ ဆုတောင်းစကားတွေကြောင်း ကျေနပ်ပီတိဖြစ်လို့နေပါတယ်။
Photo: Win_morisaki_official
မြန်မာပြည်ဖွား ဂျပန်နိုင်ငံမှာ အောင်မြင်နေတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းကတော့ ဒီနေ့ (သြဂုတ်လ ၂၀ ရက်) မှာ အသက် (၃၀) ပြည့်ပြီလို့ သိရပါတယ်။ မြန်မာပြည်ကနေ မွေးနေ့ဆုတောင်းပေးနေကြတဲ့ ပရိသတ်တွေကို မိုရီဆာကီဝင်းက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
" ကျွန်တော် အသက် ၃၀ ပြည့်သွားပါပြီ ခင်ဗျ။ ကျွန်တော့် မွေးနေ့မှာ ဆုတောင်းပေးတဲ့ ညီအကို ၊ညီအမများ ၊မိသားစု ၊ ကျွန်တော့်ကိုချစ်ပေးကြတဲ့ ကျွန်တော်လဲ အရမ်းချစ်တဲ့ fan တွေအားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။ ကျွန်တော်ကို မမေ့ နဲ့နော် ။ မြန်မာပြည်မှာ LIVE SHOW လုပ်လို့ရအောင်လဲ ကြိုးစားပါမယ်ခင်ဗျာ။ တွေ့ကြမယ်နော်(^o^)" ဆိုပြီးတော့ သြဂုတ်လ(၂၀) ရက်နေ့ နေ့လယ်(၁၂) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Win_morisaki_official
မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံမှာရှိတဲ့ J Pop Boyband တစ်ခုဖြစ်တဲ့ PRIZMAX အဆိုတော် အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ Stardust Promotion ကုမ္ပဏီက ၂၀၀၂ ခုနှစ်မှာ Japan Boyband တစ်ခုဖြစ်တဲ့ PRIZMAX စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ PRIZMAX အဖွဲ့မှာတော့ မိုရီဆာကီဝင်းဟာ မြန်မာလူမျိုးတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ ဂျပန်နိုင်ငံသားတွေပါ။
Photo: Win_morisaki_official
အခုချိန်မှာတော့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို တစ်ဦးတည်း တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သူဟာ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရရှိခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ TV Program တွေမှာလည်း ပါဝင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သီချင်းတွေ သီဆိုနေတာကို တွေ့ရပါတယ်။