ဒီနေ့ကတော့ သဉ္ဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့က အရုပ်မလေးလို ချစ်စရာကောင်းလှတဲ့ သဉ္ဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် မမ ဝါဆိုမိုးဦးကလည်း ညီမငယ်လေးကို ရင့်ကျက်စေချင်ပါပြီတဲ့။

Photo: Warso Moe Oo



ဒီနေ့(မေလ ၁၉) ရက်နေ့က သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီအတွက် မွေးနေ့ဆုတောင်းစကားကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

‘’Happy birthday ပါ ငပိန်းမလေး။ အသက်ကြီးလာပြီဆိုတော့ လူကြီးလိုနေပါ မပိန်းပါနဲ့။ အမြဲတမ်းပျော်ရွှင် နိုင်ပါစေ။ Love u so much Wish u all the best’’ ဆိုပြီးတော့ မေလ ၁၉ ရက်နေ့ မနက် ၉နာရီ ၂၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Warso Moe Oo

ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာကတော့ လက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးနေ ရပြီဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သူမကိုလည်း အားပေးကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ဝါဆိုမိုးဦးက သူ့ရဲ့ ညီမလေးပါလို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေတဆင့် မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာ သဉ္ဇာ့ကို ပရိသတ်တွေ စသိခဲ့တာပါ။


Photo: Warso Moe Oo

ဝါဆိုမိုးဦးရဲ့ အနုပညာသက်တမ်းကတော့ ၁၀စုနှစ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စသိခဲ့တာပါ။ အခုလက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ထက် ဂီတအလုပ်တွေကို ပိုမိုဦးစားပေးလုပ်ကိုင်လာတာ တွေ့ရပါတယ်။ တစ်ကိုယ်တော် အခွေဖြစ်တဲ့ မိုက်လားပြောကြည့် တေးစီးရီးလည်း ထွက်ရှိထားပါသေးတယ်။

Photo: Warso Moe Oo

အခုဆိုရင်တော့ ဝါဆိုမိုးဦးက သူ့ရဲ့ ချစ်သူ အဆိုတော် ဖြိုးလေး(Snare) နဲ့ သီချင်းတွေ အတူတူ ဆိုဖြစ်နေပါတယ်။ သူတို့ နှစ်ယောက်ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က