၂၀၁၉ ကနေ ၂၀၂၀ အတွင်းမှာ ပေါင် ၁၃သန်းအထိ ရရှိခဲ့ပါတယ်။

UFC လိုက်ဝိတ်တန်းရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ခါဘစ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ခါးပတ်ကာကွယ်ပွဲတစ်ပွဲသာထိုးသတ်ခဲ့ပေမယ့် ခါဘစ်က ဝင်ငွေအများအပြားရရှိခဲ့တာဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပေါင် ၁၃ သန်းအထိ ရရှိခဲ့ပြီးနောက် UFC ရုရှဖိုက်တာခါဘစ်ဟာ အသက် ၄ဝအောက် ရုရှလူမျိုးတွေထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ UFC လိုက်ဝိတ်တန်းရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ခါဘစ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ခါးပတ်ကာကွယ်ပွဲတစ်ပွဲသာထိုးသတ်ခဲ့ပေမယ့် ခါဘစ်က ဝင်ငွေအများအပြားရရှိခဲ့တာဖြစ်ပါတယ်။

နာမည်ကျော် Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ခါဘစ်ဟာ ဒက်စတင်ပိုရီယာကို အဘူဒါဘီမှာ အနိုင်ရရှိခဲ့တဲ့ပွဲ နဲ့ အကျိုးအမြတ်အများအပြားရရှိမယ့် စာချုပ်တွေကနေ ပေါင် ၁၃သန်းအထိ ရယူနိုင်ခဲ့တာလို့ သိရပါတယ်။ ခါဘစ်ရဲ့ ပွဲစဉ်အတွက် အထူးထိုင်ခုံ တစ်သောင်းသုံးထောင်အထိ ပြုလုပ်ပေးခဲ့ရတယ်လို့လည်း သိရပြီး အရှေ့အလယ်ပိုင်းဒေသမှာတော့ လူကြိုက်အများဆုံးဖိုက်တာအဖြစ်ရှိနေခဲ့ပါတယ်။ 

အသက် ၃၁ နှစ်အရွယ် ခါဘစ်ဟာ ပိုရီယာကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ အပိုဆုကြေး၊ Pay Per View တို့ကနေ ခွဲတမ်းရရှိခဲ့မှုကြောင့် ပေါင် ၈ သန်းအထိ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ ခါဘစ်ဟာသူ့ရဲ့ ကြွယ်ဝမှုတွေကို လူသိထင်ရှားဖြစ်အောင် နေထိုင်လေ့မရှိဘဲ ရိုးရိုးကုပ်ကုပ်သာနေထိုင်တတ်သူဆိုတာပါပဲ။ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ခါဘစ်ဟာ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပြီးတော့ ပိုရီယာနဲ့ပွဲကို ရုရုပြည်သူ ၂၆သန်းအထိ ကြည့်ရှုခဲ့ပြီးနောက်မှာ သူ့နောက်ကို စပွန်ဆာစာချုပ်တွေ လိုက်လာခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ကျော်အားကစားကုမ္ပဏီ Reebok ၊ နာမည်ကျော်ကားကုမ္ပဏီတိုယိုတာ၊ စွမ်းအင်ကုမ္ပဏီတေါဖြစ်တဲ့ Gorilla နဲ့ Alhadaya တို့က သူ့ရဲ့အဓိကကျတဲ့စပွန်ဆာကုမ္ပဏီတွေဖြစ်ပါတယ်။ ဒါပေမယ့် ခါဘစ်ဟာ အရက်၊ စီးကရက် နဲ့ လောင်းကစားကုမ္ပဏီတွေကိုတော့ လက်ခံမှုမရှိဘူးလို့ သိရပြီး ဒီကမ်းလှမ်းမှုတွေကိုသာ လက်ခံခဲ့မယ်ဆိုရင် သူ့ရဲ့ကြွယ်ဝမှုက ပိုမိုများပြားနေခဲ့မှာ သေချာပါတယ်။ 

သူ့ရဲ့ UFC ပထမဆုံးနိုင်ပွဲဖြစ်တဲ့ Kamal Shalorus ထိုးသတ်ခဲ့တဲ့ ၂၀၁၂ ပွဲမှာ ခါဘစ်က ပေါင်တစ်သောင်းသုံးထောင်သာရရှိခဲ့ပြီး အခုအခါမှာတော့ သူ့ရဲ့ထိုးသတ်ကြေးက ပေါင် ၇ သန်းအထိဖြစ်နေခဲ့ပါပြီ။ ရှုံးပွဲမရှိစံချိန်နဲ့အတူ သူ့ရဲ့အောင်မြင်မှုတွေကြောင့် အခုလိုမျိုးများပြားတဲ့ ငွေကြေးတွေကိုရရှိခဲ့ပြီး UFC ရဲ့ စျေးကွက်အများဆုံးရ ဖို်က်တာလည်းဖြစ်လာခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က