မန္တလေးတိုင်းကနေ ဖြေဆိုမှာပါ။

မတ်လ ၆ ရက်နေ့မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းမှ အသက် ၇၃ နှစ်အရွယ်တစ်ဦး ပါဝင်ဖြေဆိုမယ်လို့ သိရပါတယ်။

Photo - Phyuphyu Thin

အသက် ၇၃ နှစ်အရွယ် ရှမ်းတိုင်းရင်းသား ဦးစိုင်းအောင်ညွန့်ဆိုသူက တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားပြီး ၎င်းအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒ ဘာသာရပ်တွေနဲ့ ဝင်ရောက်ဖြေဆိုမှာ ဖြစ်ပါတယ်။

"မနှစ်ကတော့ အသက်ကြီးကြီးထဲက ဝင်ဖြေတာ ၆ ယောက်လောက်တွေ့ဖူးတယ်။ ဒီနှစ်တော့ ဒီအဖိုးကိုတွေ့တယ်။ မနှစ်က လူတွေထက်တော့ အသက်ကြီးတာပေါ့။"လို့ မန္တလေး အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းက ဆရာမတစ်ဦးက Duwun ကိုပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စာစစ်ဌာန ၂၀၃ ခုရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူ တစ်သိန်းနှစ်သောင်းသုံးထောင်ကျော်စာရင်းသွင်းထားတာကြောင့် မနှစ်ကထက် စာမေးပွဲဖြေသူပိုများတယ်လို့တယ်လို့ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးက သိရပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၆ ရက်နေ့စတင်ကျင်းပသွားမှာဖြစ်ပြီး မတ်လ ၆ ရက်နေ့မှာ မြန်မာစာ၊ မတ်လ ၇ ရက်နေ့မှာ အင်္ဂလိပ်စာ၊ မတ်လ ၈ ရက်နေ့မှာ သင်္ချာ၊ မတ်လ ၉ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ၊ မတ်လ ၁၁ ရက်နေ့မှာ ဓာတုဗေဒ၊ မတ်လ ၁၂ ရက်နေ့မှာ ရူပဗေဒ၊ မတ်လ ၁၃ ရက်နေ့မှာ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ်လ ၁၄ ရက်နေ့မှာ ပထဝီဝင် နဲ့ မတ်လ ၁၅ ရက်နေ့မှာ သမိုင်းဘာသာရပ် အသီးသီးဖြေဆို ကြရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က