အဓမ္မပြုကျင့်သူကို (၁) နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်က နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် အိမ်ကိုအမြဲ ဝင်ထွက်သွားလာသူက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှု ဧပြီလ ၅ ရက်က ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo- Yangon Police



မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၊ ရွာသစ်ပိုင်းမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးဟာ နေအိမ်နဲ့ ကိုက် (၅၀) အကွာ ကန်စွန်းရွက်စည်းဖို့ သွားခဲ့ရာမှာ နေအိမ်မှာ နေမကောင်းဖြစ်နေတဲ့ မြေးဖြစ်သူ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်ကို ထားခဲ့တယ်လို့သိရပါတယ်။ (၁)နာရီခန့်အကြာမှာ တူမဖြစ်သူ မခင်မျိုးသန္တာရဲ့ ပြောပြချက် အရ မြေးဖြစ်သူ မိန်းကလေးငယ်မှာ အိပ်ခန်းအတွင်း လည်ပင်းမှာ ထိုးသွင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာ

(၂)ချက်တို့နဲ့ လဲကျသေဆုံးနေသည်ကိုတွေ့ရှိရတာကြောင့် စုံစမ်းဖော်ထုတ်ပေးဖို့ မှော်ဘီမြို့မ ရဲစခန်းကို တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ချက်ချင်းသွားရောက်စစ်ဆေးရာမှာ တရားလိုရဲ့ ထွက်ဆိုချက်အရ သူတို့နေထိုင်တဲ့အိမ်ကို တစ်ရွာတည်းနေ အောင်သိုက်ဆိုသူကသာ အမြဲ ဝင်၊ထွက်လေ့ရှိပြီး အရက်အလွန်အကျွံသောက်တတ်ကြောင်း သိရတာကြောင့် အောင်သိုက်ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးချက်အရ အောင်သိုက်ဆိုသူမှာ မိန်းကလေးငယ် နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် သွားရောက်ပြီး ဓားနဲ့ စနောက်ခဲ့ရာကနေ ဒဏ်ရာရရှိတာကြောင့် သေဆုံးတဲ့အထိ ပြစ်မှုကျုးလွန်ခဲ့တယ်လို့ ကနဦး ထွက်ဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့က အသေးစိတ် ထပ်မံစစ်မေးရာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ဓားနဲ့ ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က