အောင်မင်းခန့်ဟာ မြင်းမူမြို့နယ်က သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ အသက် ၉၆ နှစ်အရွယ် အဘွားအိုတစ်ဦးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တွေနဲ့လည်း ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ပါသေးတယ်။
Photo: Aung Min Khant
အောင်မင်းခန့်ဟာ သူ့ရဲ့ အနုပညာအလုပ်ကိစ္စနဲ့ မြင်းမူမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ မြင်းမူမြို့က ပရိသတ်တွေနဲ့လည်း ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် သူ့ကို ချစ်ခင်အားပေးတဲ့ အသက်၉၆ နှစ်အရွယ် အဘွားကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
‘’ ပြောမယုံကြုံဖူးမှသိ အသက်က၉၆နှစ် သွက်တာမှလွန်ရော ကျနော်ကိုချစ်လိုက်တာလဲလွန်ရော
အဖွားကျန်းမာပီးစိတ်ချမ်းသာပါစေလို့’’ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီ ခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် အဘွားနဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။
Photo: Aung Min Khant
အဲဒီနောက် အောင်မင်းခန့်ဟာ မြင်းမူမြို့နယ်က သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ပေါင်းများစွာတို့နဲ့ အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးခဲ့ပါသေးတယ်။ သူ့အတွက် အမှတ်တရအနေနဲ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ဖေ့စ်ဘွတ်ပေါ်မှာ ဗီဒီယိုဖိုင်လေး တစ်ခုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ မြင်းမူမြို့မှာရှိတဲ့ အောင်မင်းခန့်ရဲ့ ပရိသတ်တွေကတော့ မင်းသားချောလေးကို အပြင်မှာ မြင်တွေ့ကြရလို့ အပျော်ကြီးပျော်နေကြတာကိုတွေ့ရပါတယ်။
Photo: Aung Min Khant
သရုပ်ဆောင် အောင်မင်းခန့်ဟာ သရုပ်ဆောင် နိုင်းနိုင်း ရဲ့ ညီဝမ်းကွဲတော်စပ်သူဖြစ်ပါတယ်။ သူ့ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရှည်ချောမောမှုတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချောလေးတစ်ဦးလည်း ဖြစ်လာပါတယ်။
အောင်မင်းခန့်က အခုဆိုရင် တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။ နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲများစွာကိုလည်း ရိုက်ကူးနေရသူပါ။ အောင်မင်းခန့်ကို ‘’ထာဝရမန္တလေး’’ ၊ ‘’ဝင်္ကပါ စံအိမ်’’ ၊ ‘’ဝိညာဉ်ရှိုက်သံ’’ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးလာခဲ့တာဖြစ်ပါတယ်။