မြန်မာကိုယ်စားပြုအသင်း ရွေးချယ်သွားမှာပါ

မြန်မာနိုင်ငံကိုယ်စားပြု အသင်းအဖြစ် ဟန်ဂေရီနိုင်ငံမှာ ကျင်းပသွားမယ့် World Robot Olympiad (WRO) 2019 အတွက် အသင်းရွေးချယ်မှုပြုလုပ်တော့မှာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွက် ဂျူနီယာတန်းနဲ့အသက် ၁၆ နှစ်မှ ၁၉ နှစ်အရွယ် စီနီယာတန်းအဖွဲ့နှစ်ဖွဲ့ရွေးချယ်သွာမှာ ဖြစ်ပြီး ပြိုင်ပွဲတစ်ဖွဲ့မှာ အဖွဲ့ဝင် ၂ ဦး မှ ၃ ဦးအထိ ပါနိုင်ပြီး နည်းပြတစ်ဦးမှ ကြီးကြပ်သွားမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲကို ပုံမှန်ပြိုင်ပွဲနဲ့အလွတ်တန်းပြိုင်ပွဲအဖြစ် အမျိုးအစား သတ်မှတ်ထားပြီး ပြိုင်ပွဲအမျိုးအစား အလိုက် အသင်း ၁ သင်းစီပဲ ရွေးချယ်ကာ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲကို စေလွှတ်သွားမှာပါ။


Photo: World Robot Olympiad-Myanmar

SMART Cities ခေါင်းစဉ်နဲ့ဟန်ဂေရီနိုင်ငံ Gyor မြို့မှာ ကျင်းပမယ့် WRO 2019 အတွက် အသင်းရွေးချယ်မယ့် ပြိုင်ပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့Myanmar Expo (Fortune Plaza) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်များ စာရင်းပေးသွင်းနိုင်မယ့် ရက်ကို ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။


ယခုပြိုင်ပွဲကို စိတ်ဝင်စားတဲ့ ပြိုင်ပွဲဝင်များအနေနဲ့World Robot Olympiad(WRO) 2019 -Myanmar လင့်ခ်ကနေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေနဲ့လျှောက်လွှာကြေးအဖြစ် တစ်သင်းကို ကျပ် ၅ သောင်း ပေးရမှာ ဖြစ်ပြီး WRO 2019 အတွက် ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင် အသင်းတွေအတွက် ခရီးစရိတ်ကို World Robot Olympiad Association ရဲ့ တရားဝင် National Organizer ဖြစ်တဲ့ Fun and Learn Education Center မှ တာဝန်ယူစီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။

WRO 2019 နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဟန်ဂေရီနိုင်ငံ Gyor မှာ နိုဝင်ဘာ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က