WY လို့ယူဆရတဲ့ ဆေးပြားကို ကိုယ်တိုင်မီးရှို့ကာ အချိန်အတော်ကြာ ရှုရှိုက်နေခဲ့ပါတယ်။

ခန္တီးမြို့ပယင်းမှာ်ဒေသကအသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး မူးယစ်ဆေးသုံးစွဲနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ပျံ့နှံ့လာခဲ့ပါတယ်။ 


(Photo: Aung San Myint)

ဗီဒီယိုထဲမှာ အမျိုးသမီးနဲ့ အမျိုးသားတို့က ကလေးငယ် ဆေးသုံးစွဲဖို့ အတွက် ကူညီပေးခဲ့တာကိုတွေ့ရပြီး ကလေးငယ်ဟာ WY လို့ယူဆရတဲ့ ဆေးပြားကို ကိုယ်တိုင်မီးရှို့ကာ အချိန်အတော်ကြာ ရှုရှိုက်နေတာကို တွေ့ရပါတယ်။

ခြောက်မိနစ်ကျော်ကြာတဲ့ ဗီဒီယိုဖိုင်ကို Aung San Myint အကောင့်ပိုင်ရှင်က ဗီဒီယိုဖိုင်တင်ပြီး လေးနာရီကျော်အထိ ကြည့်ရှုဦးသူ ဦးရေ ၁ သိန်း ၇ သောင်းခန့်ရှိခဲ့ပါတယ်။ ပို့စ်တင်သူက ခန္တီးမြို့တစ်နေရာက အရွယ်နဲ့မလိုက်အောင် မူးယစ်ဆေးဝါးသားကောင် ဆိုပြီး ရေးသားထားပါတယ်။

“၂၆ ရက်နေ့က ရိုက်ခဲ့တာပါ။ အဲ့ဒီဖက်ဒေသက မငြိမ်းချမ်းတော့ တရားဥပဒေစိုးမိုးမှုမရှိဘူး။ သူတို့အတွက် မူးယစ်ဆေးဆိုတာ ရိုးနေပြီလိုဖြစ်နေတာ။ အုပ်ချုပ်ရေးနဲ့လည်းအလှမ်းကွာတယ်လေ။ ကလေးတွေရော လူကြီးတွေရော သုံးနေကြတာ။ ပေါ်တင်ပဲ ရောင်းနေကြတာပါပဲ။"လို့ ဗီဒီယို ရိုက်ကူးခဲ့သူက Duwun ကိုပြောပါတယ်။

ကြည့်ရှုသူတွေက မိဘတွေကို ဝေဖန်အပြစ်တင်တဲ့ မှတ်ချက်အများအပြားရေးသားထားခဲ့ပြီး ၅ နာရီအတွင်းပို့စ်ကို ပြန်လည်မျှဝေသူပေါင်း ၈၀၀၀ နီးပါးရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က