နေမင်းဟာ သူ့ရဲ့ အသက် ၁၉ နှစ်အရွယ်ကတည်းက တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ ဒါပေမယ့် မမေ့နိုင်စရာ အမှတ်တရတွေလည်း အများကြီးရှိပါတယ်တဲ့။
Photo: Nay Min
နေမင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုရီးယားနိုင်ငံမှာ ပင်ပင်ပန်းပန်း အလုပ်လုုပ်ခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ သူများတိုင်းပြည်မှာ နေထိုင်ရတာကြောင့် မလုပ်ချင်တဲ့အလုပ်လည်း လုပ်ခဲ့ရတာပါပဲလို့ ဆိုပါတယ်။
‘’တစ်ချိန်က ကိုရီးယား နေ့ညများ ။ ဒီပုံလေးများရဲ့နောက်ကွယ် မှ မပြည့်စုံခြင်းတွေ၊ သောကတွေ ဒုက္ခတွေ စသည်များစွာ ကျွန်တော်တို့မြန်မာ့လူငယ်လေးတွေရဲ့ တကယ့်အရည်အသွေးပြည့် အကောင်းဆုံးအတက်ကြွဆုံးသော စွမ်းအင်တွေ နုပျိုမှုတွေ အကုန်လုံး ကို သူများတိုင်းပြည်တွေ ရဲ့ အခြေခံအကျဆုံး၊ အနိမ့်ဆုံး သူတို့လူမျိုးတွေမလုပ်ချင်သော၊ အလုပ်များကို လုပ်ရ တဲ့ အလုပ်သမားဘဝနဲ့ စတေးခဲ့ရတယ် ဆိုတာတွေကိုပြောပြချင်မိတာ’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Nay Min
နေမင်းဟာသူ့ရဲ့ အသက် ၁၉ နှစ်မပြည့်ခင်ကတည်းက ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်းကျောင်းတက်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်က အမှတ်တရတွေကိုလည်း ဓာတ်ပုံလေးတွေတင်ရင်း အမှတ်တရ ပြောပြထားပါသေးတယ်။
‘’၂၀၀၄ ခုနှစ် ၁၁ လပိုင်း ၁၅ ရက်နေ့ ကိုရီးယားသို့ ကျွန်တော့်တို့ ကိုး(၉) ယောက် ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ကိုး(၉) ယောက်မှာ ကျွန်တော်အသက်ကအငယ်ဆုံး
ကျွန်တော့်အသက် ၁၉ နှစ် မပြည့်သေးသော (၁) ပထမဆုံးပုံ အရက်အမူး လွန်ပြီး ညဆိုင်း ဆင်းရတဲ့ (ကိုကြီးအေးထွန်းကျော်၏) စက်ရုံရှေ့တွင်ကပ်ထူပုံးလေးတွေပေါ်အိပ်ပျော်ခဲ့စဉ်က ( နားမှာ ဟိုဘက်သုံးပေါက် ဒီဘက်သုံးပေါက်နဲ့)၊ (၂) ဒုတိယပုံ ဗုဒ္ဓနေ့ ပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှု့ကိုသရုပ်ပြပုံဖော်ခဲ့စဉ်ကသူတော်ကောင်းအသွင်ယဉ်ကျေးပေသောမြန်မာ့လုလင်ငယ်'' လို့ ဆိုပါတယ်။
Photo: Nay Min
အဲဒီနောက် သူ့ရဲ့ ဓာတ်ပုံဟောင်းလေးတွေကနေတဆင့် နံပတ်အစဉ်လိုက် ရေးပြီး မမေ့နိုင်တဲ့ အမှတ်တရ အကြောင်းတွေ ပြောပြထားပါသေးတယ်။
‘’(၃) တတိယပုံ။ ဗုဒ္ဓနေ့ ပွဲတော်တွင် ကိုရီးယားကိုရင်လေးများ နှင့် မြန်မာ့လုလင်ငယ်လေး၏ချစ်စဖွယ် ကြည်နူးဖွယ်ရှိနေစဉ်က၊ ၊(၄) စတုတ္ထပုံ အကိုဆရာတပည့်ညာလက်ရုံး ဂဒါKR နဲ့ သူဌေး Bobo Aung ဆီငွေစာရင်းသွားရှင်းရန်နှင့် သောက်စားပျော်ပါးရန်ဗူဖြောင်းသို့အသွား ရထားပေါ်လိုက်ပါစဉ်၊ (၅) ပဉ္စမပုံ။ ကိုရီးယားရိုးရာ ပွဲလုပ်ခဲ့စဉ်က ရိုက်ခဲ့သော ပုံများစွာထဲမှ မဆုန်သင်းနဲ့ပုံလေးဘဲ တွေ့ရှိ ၍ (ကိုဇာနည်ဦးညီထွဠ်အီတိုးမဖြူတို့နဲ့ပုံများမတွေ့ ) လေယာဉ်ကွင်းမှကြိုပြီးဟိုတယ်သို့ပို့ပေးပြီးခဲ့စဉ်ခုတော့ ကိုက မဆုန်သင်းတို့လို အကြိုခံရသူဘဝပေါ့။ (၆) ဆဌမပုံ အလုပ်ပြီးချိန်၌ ညကဘောပွဲရှုံးထားသော ဇင်သက်မောင် မှ လိုက်လံပြုစု ဆိုဂျူးတိုက်စဉ် ၊ (၇) သတ္တမပုံ ။ ကိုရီးယားရောက်သက္ကသားများတွေဆုံခဲ့စဉ် သက္ကလသားမဟုတ်တခြားမိတ်ဆွေများလည်းပါဝင်ပါသည်။ (၈)အဌမပုံ ။ ဆရာကြီးအမူးပြေပြီးသကာလ စက်ရုံရှေ့လမ်းမမှ နိုးထလာခဲ့စဉ်’’ လို့ သူကဆိုပါတယ်။
Photo: Nay Min
သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။