အသက် ၃၆ နှစ်ပြည့်ခဲ့တဲ့ မယ်လိုဒီဟာ သူ့ရဲ့ မွေးနေ့မှာ မိသားစုနဲ့အတူ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။ သူ့ အနေ နဲ့ မွေးနေ့ လ အစမှာကတည်းက အလှူအတန်းတွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Photo: Melody Facebook
မယ်လိုဒီဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့မှာ မိသားစုနဲ့အတူ အလှူအတန်းတွေ လုုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူအတန်းတွေထဲမှာလည်း နေကြာစေ့ ရောင်းလို့ရတဲ့ အမြတ်ငွေရယ်၊ သူ့မိတ်ဆွေတွေပေးတဲ့ အလှူငွေတွေကိုလည်း အလှူထဲမှာ ထည့်လှူခဲ့တယ်လို့ ဆိုပါတယ်။
'' ကမ်းဇေယျာ ပရဟိတ သီလရှင်စာသင်တိုက်ကို အလှူငွေ ၃၀၀၀၀၀ကျပ်၊ မန္တလေး တက်နေလင်းဖယောင်းတိုင် ကနေ လှူဒါန်းတဲ့ စာအုပ်၊ စာရေးကိရိယာ အယောက် ၁၀၀ စာ နဲ့ဆီမီးပူဇော် ရန် တက်နေလင်းဖယောင်းတိုင်များ လှူဒါန်းပါသည်ရှင်။ တာချီလိတ်မှ မိတ်ဆွေပေးတဲ့ အလှူငွေ ကိုလည်း မရှိခဏ ဆရာတော်ကို ကိုယ်စားလှူပေးခဲ့ပါသည်။ နတ်လူ သာဓု ခေါ်နိုင်ပါစေရှင်'' ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Melody Facebook
မွေးနေ့လအစမှာ မိသားစုနဲ့အတူ အလှူအတန်းတွေလုပ်ခဲ့တဲ့ မယ်လိုဒီ
သရုပ်ဆောင်မယ်လိုဒီဟာ သူ့ရဲ့ မွေးနေ့လ အစမှာ မိသားစုနဲ့ အတူ ပထမဆုံးအကြိမ် အဖြစ် အလှူအတန်းတွေလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ အနေနဲ့ စက်တင်ဘာလ ၆ ရက်နေ့က သူ့ရဲ့အသက် ၃၆ နှစ်ပြည့်ခဲ့ပါတယ်။ မွေးနေ့မတိုင်ခင်မှာလည်း လက်ဆောင်တွေ ကြိုရလို့ ပျော် နေ တယ်လု့ိလည်း သူကပျော်ရွှင်နေပါသေးတယ်။
Photo: Melody Facebook
မယ်လိုဒီကတော့ ပိုက်ဆံအိတ်၊ ဖိနပ် နဲ့ မုန့်တွေကို သူ့ရဲ့ သူငယ်ချင်းဆီက မွေးနေ့အကြိုလက်ဆောင်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အခု လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေတဲ့အပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ နေကြာစေ့လည်း ရောင်းနေတာ ဖြစ်ပါတယ်။ ရောင်း လို့ ရတဲ့ ပိုက်ဆံတွေကိုလည်း သူ့ရဲ့ မွေးနေ့မှာ အလှူလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါ တယ်။
Photo: Melody Facebook
အသက် ၃၅ နှစ်ပြည့် မွေးနေ့တုန်းကလည်း မယ်လိုဒီက ပြင်ဦးလွင်မှာ ရှိတဲ့ ဓမ္မသဟာယ သာသနာ့စင်တာမှာ တစ်နေ့လုံးစာ အာဟာရ အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရေဘေး ဒဏ်ဖြစ်နေတဲ့ ပြည်သူတွေအတွက်ကိုလည်း ထပ်မံ လှူဒါန်း သွားဦးမယ်လို့ သိရပါတယ်။