ပြည်ပမှာ ပညာသင်နေတဲ့ လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကိုက မွေးနေ့ကို သူငယ်ချင်းတွေနဲ့အတူတူ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။
Photo : မြူလင်းကိုကို
ဇွန်လ(၁၂) ရက်နေ့က လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကိုရဲ့ အသက်(၂၂)နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ်။ ပြည်ပမှာ ပညာသင်နေရတာဖြစ်လို့ သူမရဲ့ မွေးနေ့ကို သူငယ်ချင်းတွေနဲ့သာ ဖြတ်သန်းခဲ့ရတာတွေ့ရပါတယ်။ သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၁၂) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။
Photo : မြူလင်းကိုကို
အနက်ရောင်ဖက်ရှင်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။သူမရဲ့ မွေးနေ့လေးမှာလည်း မေမေ လင်းဇာနည်ဇော်က သူမကို သတိရလို့နေပါတယ်။
‘’အလိုလိုနေရင်းအိပ်မရ။ သတိတွေအရမ်းရ ။ သြော် မိခင်ဘဝ Happy Birthday သမီးလေးရေ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို ခွဲခြားဆုံးဖြတ်နိုင်တဲ့သူ၊ ဘဝကိုရိုးသားဖြူစင်စွာ လျှောက်လှမ်းနိုင်တဲ့သူ၊ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူလေးဖြစ်ပါစေ။ အခါတိုင်းနေ့တွေထက် ပိုလွမ်းတယ်ကြွက်မလေးရေ’’ ဆိုပြီး ဇွန်လ(၁၂ ) ရက်နေ့က ရေးထားတာပါ။
Photo : လင်းဇာနည်ဇော်
မြူလင်းကိုကိုက လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာရှိတဲ့ UTS: University of Technology Sydney ကျောင်းမှာ ပညာသင်ယူနေသူပါ။
မြူလင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားတဲ့ မိန်းကလေးတစ်ဦးပါ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တချို့က အနုပညာ အလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။
Photo : လင်းဇာနည်ဇော်
ဒါပေမယ့် လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။