အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

ပိုပိုက သူမရဲ့ အသက် ၂၉ နှစ်ပြည့်မွေးနေ့မှာ အလှူအတန်းတွေ၊ ပျော်စရာကောင်းတဲ့ အမှတ်တရတွေနဲ့ တစ်နေ့တာ ဖြတ်သန်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။

Photo: Po Po

ပရိသတ်အချစ်တော်မလေး အဆိုတော် ပိုပိုက မေလ ၁၆ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပါပြီ။ သူ့ရဲ့ မွေးနေ့ မနက်ပိုင်းမှာတော့ ရွှေတိဂုံစေတီတော်မှာရှိတဲ့ ရဟန်းသံဃာတော်တွေ၊ သီလရှင်တွေကို အလှူငွေတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း Birthday Surprise လုပ်ခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ မွေးနေ့ Surprise လုပ်ခံရတာ အရမ်းပျော်တာပဲ။ ပိုပို့ကို ကိတ်မုန့်ခွဲခိုင်းကြတယ်၊ မွေးနေ့လက်ဆောင်တွေ ပေးကြတယ်ပေါ့။ ပထမက ၁၂ နာရီလောက်အားလားတဲ့ဆိုပြီးတော့ ၁၂ နာရီမှာ လာခေါ်ကြတယ်။ ပိုပို့ကိုလည်း မပြောကြဘူး။ Fan တွေနဲ့ပေါင်းပြီး ဘယ်ကို လာခဲ့ပါပေါ့။ အဓိက ကတော့ မွေးနေ့ ပါတီလုပ်ပေးတာပါ။ သူတို့က ကြိုမပြောထားတော့ Surprise ဖြစ်သွားတာပါ’’လို့ သူကဆိုပါတယ်။

Photo: Po Po

အဲဒီနောက် အသက် တစ်နှစ်ကြီးသွားပြီဖြစ်တဲ့ သူမရဲ့ ခံစားချက်လေးကိုလည်း ပိုပိုက ပြောပြလာပါသေးတယ်။

‘’ အသက်တစ်နှစ်ကြီးသွားတော့ ပိုပြီးရင့်ကျက်လာတယ်၊ ဘာသာရေးမှာ ပိုပြီးတော့ လုပ်ဖြစ်လာတယ်။ ကောင်းတဲ့ အလုပ်တွေပေါ့နော်။ စိတ်တို တတ်တဲ့အကျင့်လေးတွေကို တဖြည်းဖြည်းဖျောက်ပါမယ်။ မွေးနေ့လေးကို သတိတရ ရှိပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Po Po

ပိုပိုက မေလ ၂၁ ရက်နေ့ကျရင် စစ်ကိုင်းဘက်မှာ သီလရှင်ဝတ်မယ်လို့ သိရပါတယ်။ ဒီလို အချိန်မှာ သူမအတွက် သတိအရဆုံးအချိန်ကတော့ အဘွားပါပဲတဲ့။

‘’ဘယ်သူကိုမှ ဒုက္ခ မပေးချင်ပါဘူး။ဒါပေမဲ့ ဆံချ သီလရှင် ဝတ်မယ့် နေ့မှာတော့ ကိုယ် အရမ်း အားကိုးပြီး ချစ်ရတဲ့ သူတချို့ ရှိစေချင်တာပဲ ပြီးရင် ငိုမိမလားမသိဘူး။ အဘွားကိုလွမ်းတယ်’’ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အနုပညာညီအစ်ကို မောင်နှမတွေကလည်း ဘယ်နေ့ဝတ်မှာလဲ၊ ဘယ်နေရာလဲလို့ Comment ကနေတဆင့် မေးခဲ့တာကြောင့် ၂၁ ရက်နေ့ စစ်ကိုင်းမှာ ဝတ်မယ်လို့ ပိုပိုက ပြန်လည်ဖြေဆိုထားတာ တွေ့ရပါတယ်။သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် အားကြိုးမာန်တက် ကူညီဆောင်ရွက်တတ်သူ တစ်ဦးပါ။ မကြာခဏ ဆိုသလိုလည်း အဖွဲ့လိုက်ဖြစ်စေ၊ သူမ တစ်ဦးတည်းဖြစ်စေ၊ အလှူအတန်းတွေ လုပ်နေတတ်တာကို တွေ့ရပါတယ်။

Photo: Po Po

ပိုပိုက ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က