ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြည့်ခဲ့တာပါ။

တင်ဇာမော်က သူ့ရဲ့ အသက် ၄၃ နှစ်ပြည့် မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ သူမဟာ သီချင်းအသစ်တွေ ဖန်တီးနေတာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo: Tin Zar Maw

အဆိုတော်တင်ဇာမော်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အသက် ၄၃ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ မွေးနေ့အလှူကိုတော့ ရန်ကင်းမြို့နယ်အတွင်းမှာရှိတဲ့ လယ်တီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

‘’မွေးနေ့ဆုမွန်တောင်းပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပြုသမျှကောင်းမှုကုသိုလ် အမျှရကြပါစေသော်ဝ်..သာဓု သာဓု သာဓု’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့ပါတယ်။

Photo: Tin Zar Maw

တင်ဇာမော်က အခုလက်ရှိမှာ ဂီတအလုပ်တွေ လုပ်နေတာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ သူမရဲ့ မိသားစုကတော့ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတာပါ။ တင်ဇာမော်ဟာ အသက် ၄၂ နှစ်ပြည့် မွေးနေ့တုန်းက ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေး လုပ်ခဲ့ပါသေးတယ်။

Photo: Tin Zar Maw

တင်ဇာမော်က သူမရဲ့ ချစ်ရတဲ့ခင်ပွန်း မိုက်ကယ်အောင်နဲ့အတူ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့က ၁၁ နှစ်ပြည့်ခဲ့ပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။

အဆိုတော် တင်ဇာမော်ကတော့ Seven Concert လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့ပါသေးတယ်။ ဒီနေ့အချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်း အမြဲတမ်းကြိုးစားနေပါ့မယ်ဆိုတဲ့ အကြောင်းကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က