ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက် အရေးပေါ် ဆေးရုံ ထပ်တင်ထားရတယ်လို့ သိရပါတယ်။ အဆုပ်ထဲ ရေဝင်ပြီး အမောဖောက်နေတာတဲ့။ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆရာဝန်တွေက ပြောနေပါပြီ။
Photo : မင်းကို
ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ အဆုပ်ထဲ ရေဝင်ပြီး အမောဖောက်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ မေလ(၁) ရက်နေ့က ချက်ချင်း ဆေးရုံတင်လိုက်ရတယ်လို့ ကစ်ကစ်ကို စောင့်ရှောက်ပေးနေသူ တေးရေးမင်းကိုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“အခြေနေကတော့ အဆုပ်ထဲရေတွေထပ်ဝင်နေုပြီး အမောဖောက်နေပါတယ်။ ပင်လုံဆေးရုံမှတဆင့် သင်္ဃန်းကျွန်းဆေးရုံ သင်္ဃန်းကျွန်းဆေးရုံမှတဆင့် ရန်ကုန်အရေးပေါ်ဆေးရုံကြီးမှာတင်ထားရပါတယ်။ ခါးကနေရေဖောက်ပေးပေမယ့် ရေနဲ့သွေးတွေကရောနေပြီး ဆရာဝန်ပြောပြချက်အရ အတွင်းကပျက်စီးနေပြီဖြစ်တာကြောင့် လူနာကိုပိုပြီးဂရုစိုက်ရမယ်ဆိုတဲ့အကြောင်း အချိန်မရွေး အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြောထားပါတယ်”လို့ သူက ဆိုပါတယ်။
Photo : မင်းကို
လက်ရှိမှာ သူ့အနေနဲ့ အဝေးမှာ ရောက်နေတာကြောင့် ကစ်ကစ်ကို ကူညီပေးဖို့ကိုလည်း အကူအညီတောင်းထားတာတွေ့ရပါတယ်။
“အနုပညာမောင်နှချင်း ကျွန်တော်ရှိတဲ့အချိန်မှာအသက်ကယ်နိုင်ပေမယ့် ကျွန်တော်ကဘန်ကောက်မှာကြာမှာ မို့ စိတ်မကောင်းဖြစ်ရပါတယ်...
အဝေးကနေကျွန်တော်လုပ်ပေးနိုင်တာက ပရဟိတညီအစ်ကိုမောင်နှမတွေ ကူညီပေးကြဖို့မေတ္တာရပ်ခံပေးရုံရှိပါတော့တယ်ဗျာ.” ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။
Photo : မင်းကို
သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။