အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူလိုတဲ့ ဥရောပအသင်းကြီးအချို့တွင် ပရီးမီးယားလိဂ်အသင်းအများစုပါ ဝင်နေခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားဖြစ်သူ ဆန်ချိုကိုခေါ် ယူဖို့အတွက် ပြင်ဆင်မှုများပြုလုပ်နေပေမယ့် ဘဏ္ဍာရေးအရ အခက်အခဲအချို့နဲ့အတူ ညှိနှိုင်းမှုများအဆင်မပြေ ခဲ့ခြင်းကြောင့် ခေါ်ယူနိုင်ဖို့မသေချာတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ Guandian ရဲ့အခိုင်အမာဖော်ပြချ က် အရသိရပါတယ်။
သတင်းဖော်ပြမှုတွေအရ ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုအတွက် လက်ရှိတန်ကြေးထက်ပိုပြီးအလိုရှိနေတဲ့အခြေ အနေမှာ ယူနိုက်တက်အနေနဲ့ ပေါင်သန်း ၅ဝကျော်သာပေးချေလိုနေတဲ့အနေအထားကြောင့် အခက်အခဲအချို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က ထွက်ပေါ်လာတဲ့သတင်းတွေအရ အစောပိုင်းကာလအတွင်း ဒေါ့မွန်အသင်းအလိုရှိတဲ့ငွေ ကြေးပမာဏကို ပေးချေဖို့အဆင်ပြေခဲ့ပေမယ့်ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့်ဝင်ငွေလျော့နည်းခဲ့မှုများနဲ့အတူ ငွေကြေးအရ အဆင်မပြေမှုအချို့ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ နည်းပြဆိုးလ်ရှားကိုယ်တိုင်က ဆန်ချိုကို ခေါ်ယူဖို့ တောင်းဆိုထားတာပါ။ အသင်းအနေနဲ့ကလည်း ပြင်ဆင်မှု တွေပြုလုပ်ပြီး ကမ်းလှမ်းဖို့အသင့်ပါပဲ။ ဒါပေမဲ့ အခက်အခဲအချို့ရှိလာနိုင်တာက ဘဏ္ဍာရေးအခြေအနေပါ ” လို့ ယူနိုက်တက်အသင်းအမှုဆောင်တစ်ဦးဖြစ်သူ မက်ဂရေးလ်က အတည်ပြုပြောဆိုလိုက်တာပါ။
ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ဝန်းကျင်အလိုရှိနေတာဖြစ်ပြီး ပွဲစဉ်များရပ်နားထားရတဲ့ လက်ရှိအချိန်ကာလကြောင့် အသင်းကြီးအများစုကိုယ်တိုင် ဘဏ္ဍာရေးအရ အခက်အခဲအချို့ရှိနေခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့သည့်တိုင် စံချိန်တင်အသုံးစရိတ်များအသုံးပြုဖို့ မသေချာတဲ့အခြေအနေရှိနေခဲ့တယ် လို့ ဗြိတိန်မီဒီယာအများစုက သုံးသပ်ဖော်ပြနေကြပါတယ်။