ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရမှာပါ။

စနေနေ့မှာ ကစားရမယ့် ဟတ်ဒါဖီးလ်နဲ့ပွဲစဉ်ကို ကွင်းလယ်လူ အဲရစ်ဆန် လွဲချော်မယ်လို့ စပါးအသင်းက အတည်ပြုပြောဆို လိုက်ပါတယ်။ အဲရစ်ဆင်ဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝမ်းဗိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပွဲက ဒဏ်ရာကြောင့်လည်း ကြားရက်မှာ ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်ကို အဲရစ်ဆန် လွဲချော်ခဲ့ပါတယ်။

Photo : 90 min

 

လက်ရှိ စပါးအသင်းမှာ ဂိုးသမား ဟူဂိုလိုရစ်၊ မစ်ချယ်လ်ဗွန်း၊ အော်ရီယာတို့အပြင် အဲရစ်ဆန်ပါ ဒဏ်ရာရစာရင်းထဲ တိုးပွားလာတာ ဖြစ်ပါတယ်။ ပိုချက်တီနိုအတွက် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ လူရွေးချယ်ဖို့ ခေါင်းစားစရာ ဖြစ်ခဲ့ပြီး အဓိကကစားသမားတွေ ဒဏ်ရာပြသနာနဲ့ တွေ့ကြုံနေစဉ်မှာ ဘယ်လိုစွမ်းဆောင်ပေးသွားမလဲ စောင့်ကြည့်ရပါတော့မယ်။

Photo : Cartilage Free Captain

 

ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာလည်း ပိုချက်တီနိုက အဲရစ်ဆန် ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်ပြောကြားခဲ့ပြီး အတည်ပြုခဲ့ပါတယ်။ "ဘရိုက်တန်နဲ့ပွဲအပြီးမှာ သူ့ ဗိုက်မှာ ဒဏ်ရာအနည်းငယ်ရှိနေခဲ့ပါတယ်၊ ဘာစီလိုနာနဲ့ ကစားရမယ့့် ချန်ပီယံလိဂ်ပွဲမတိုင်ခင်တော့ သူ ပြန်သက်သာလာဖို့ မျှော်လင့်မိပါတယ်" လို့ ပိုချက်တီနိုက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ လွဲချော်ခဲ့တဲ့ ဟူဂိုလိုရစ်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီးလည်း ပိုချက်တီနိုက အခုလိုပြောပါတယ်။ "ဟတ်ဒါဖီးနဲ့ပွဲမှာ သူကစားနိုင်မှာလားဆိုတာ မနက်ဖြန် ဆုံးဖြတ်သွားမှာပါ၊ တကယ်လို့ မကစားနိုင်သေးဘူးဆိုရင် ဘာစီလိုနာနဲ့ပွဲမှာ ပါဝင်နိုင်မလား စစ်ဆေးရဦးမှာပါ" လို့ လိုရစ်ရဲ့အနေအထားကို ပြောခဲ့ပါတယ်။

Photo : Goal.com

 

လတ်တလောမှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာမှုအတွက် အခက်အခဲကြုံနေရတဲ့ ပိုချက်တီနိုအတွက် အဓိက ကွင်းလယ် ကစားသမား အဲရစ်ဆန် မပါဝင်နိုင်တဲ့ ပြသနာနဲ့ ထပ်မံရင်ဆိုင်လာရတာပါ။ ဒီအနေအထားကို ပိုချက်တီနို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ ဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က