၂၀၀၈-၀၉ ဘောလုံးရာသီက ကမ်းလှမ်းခံခဲ့ရတာပါ။

နာမည်ကျော်ဗဟိုခံစစ်မှူးဟောင်းဟာ ယူနိုက်တက်မှာ ၁၂ နှစ်ကြာကစားခဲ့သူဖြစြ်ပီး အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ကာ ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်းရီယိုဖာဒီနန်က သူ့အနေနဲ့ ယူနိုက်တက်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ နာမည်ကျော်ဗဟိုခံစစ်မှူးဟောင်းဟာ ယူနိုက်တက်မှာ ၁၂ နှစ်ကြာကစားခဲ့သူဖြစြ်ပီး အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ကာ ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ၂၀၀၈ ဥရောပဖလားပြိုင်ပွဲကာအတွင်းမှာ ဘာစီလိုနာနည်းပြဖရန့်ရီကတ်ရဲ့ ကမ်းလှမ်းမှုကြောင့် ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်တဲ့အနေအထားမှာ ရှိခဲ့တယ်လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။ BT Sport က ဘာစီလိုနာရဲ့ကမ်းလှမ်းမှုရရှိခဲ့တဲ့ အချိန်နဲ့ပတ်သက်ပြီးတော့ မေးမြန်းခဲ့ရာမှာ ဖာဒီနန်က ဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။ 

"အဲဒီလိုဖြစ်လာဖို့ နီးစပ်ခဲ့ပါတယ်၊ ကျွန်တော့်အေးဂျင့်နဲ့ ဘာစီလိုနာတို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်၊ ရီကတ်နဲ့လည်း ကျွန်တော်စကားပြောဖြစ်ခဲ့ပါတယ်၊ မပြောင်းရွှေ့ဖြစ်ခဲေ့ပမယ့်လည်း သူ့ရဲ့ဆန္ဒကို လူတို်ငးသိခဲ့ပါတယ်၊ ဘာစီလိုနာမှာကစားခဲ့တဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီး ဥမင်ထဲမှာ သူနဲ့ကျွန်တော်စကားပြောဖြစ်ခဲ့ကြတာပါ"

"ကျွန်တော်က ကမ္ဘာအနှံ့သွားကစားချင်တယ်လို့ အမြဲတမ်းပြောခဲ့တဲ့သူပါ၊ ဒါပေမယ့် အခြေအနေတစ်ခုက ကျွန်တော့်ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်၊ အင်္ဂလန်မှာ ကျွန်တော်အောင်မြင်ခဲ့ပြီးတော့ မန်ချက်စတာယူနိုက်တက်လို ကြီးကျယ်ခမ်းနားတဲ့အသင်းကို ရှာတွေ့ခဲ့တာ ကျွန်တော့်အတွက် ကံကောင်းခဲ့ပါတယ်၊ ဒီအတွက် ကျွန်တော် အဲဒီကနေ ထွက်ခွာဖို့ဆိုတာက မဖြစ်နိုင်ခဲ့တော့ပါဘူး"

"သူတို့ကိုအနိုင်ရပြီး ကျွန်တော်တို့ ဥရောပချန်ပီယံဖြစ်ခဲ့ပါတယ်၊ ဒါကြောင့် ဘာအတွက်နဲ့ ချန်ပီယံအသင်းကနေ ကျွန်တော်ထွက်ခွာရတော့မှာလဲ" လို့ ဖာဒီနန်ကပြောဆိုသွားခဲ့ပါတယ်။ ဖာဒီနန်ကတော့ ယူနိုက်တက်အတွက် ၄၅၅ ပွဲကစားပေးခဲ့ပြီး ၈ ဂိုးသွင်းယူပေးခဲ့ကာ ၂၀၁၄-၁၅ မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က