အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပါပြီ။

ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာရောက်ရှိနေပြီး ဥရောပဝင်ခွင့်ရရှိဖို့ မသေမချာဖြစ်နေတဲ့ အာဆင်နယ်အတွက် အက်ဖ်အေဖလားက တစ်ခုတည်းသောထွက်ပေါက်အဖြစ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။


အက်ဖ်အေဖလားပြိုင်ပွဲကတဆင့် ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိဖို့ ကြိုးစားသွားမယ်လို့ ရှက်ဖီးကို အနိုင်ယူအပြီးမှာ အာဆင်နယ်နည်းပြအာတီတာက ပြောဆိုလိုက်ပါတယ်။ အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဂန်းနားတို့ဟာ အကြိမ် ၃၀မြောက်အဖြစ် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာရောက်ရှိနေပြီး ဥရောပဝင်ခွင့်ရရှိဖို့ မသေမချာဖြစ်နေတဲ့ အာဆင်နယ်အတွက် အက်ဖ်အေဖလားက တစ်ခုတည်းသောထွက်ပေါက်အဖြစ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အဆိုပါဆုဖလားကို ရရှိအောင်ကြိုးစားသွားဖို့ အာတီတာက အသင်းသားတွေကို အားပေးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

"ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်လို့ တကယ်ကျေနပ်မိပါတယ်၊ ကစားရတဲ့ခက်တဲ့နေရာတစ်ခုမှာ နိုင်ပွဲတစ်ပွဲရရှိခဲ့တာပါ၊ ကျွန်တော််တို့ ဝင်ဘလေကို သွားကစားရတော့မှာဖြစ်ပြီးတော့ ကျွန်တော့်ကစားသမားတွေရဲ့ ခံယူချက်နဲ့ စွမ်းဆောင်ရည်တွေကြောင့် တကယ်ကို ကျေနပ်ပျော်ရွှင်မိရပါတယ်၊ ဖလားတစ်လုံးဆွတ်ခူးနိုင်ဖို့နဲ့ ဥရောပဝင်ခွင့်ရရှိဖို့ ကြီးမားတဲ့အခွင့်အရေးလည်းဖြစ်ပါတယ်" လို့ အာတီတာက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ ကစားရမှာဖြစ်လို့ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ "ပြန်ကစားရတဲ့အချိန်ကစပြီး ကျွန်တော်တို့ အဝေးကွင်းလေးပွဲကစားခဲ့ရပါတယ်၊ ဒီအတွက် ပရီးမီးယားလိဂ်ကို ကျေးဇူးတင်ပါတယ်၊ ၃ ရက်တစ်ပွဲနှုန်းနဲ့ ကစားနေခဲ့ရတာပါ" လို့လည်း အာတီတာက ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 

အာတီတာရဲ့ အသင်းဟာ ခံစစ်ပိုင်းနဲ့ ဂိုးသမားပိုင်းမှာ ဒဏ်ရာပြသနာတွေရှိနေခဲ့ပေမယ့် အရန်ဂိုးသမားမာတီနက်ဇ်က ပုံစံကောင်းတချို့ကို ပြသနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ တီယာနေးတို့ကလည်း ပုံမှန်ခြေစွမ်းပြနေလို့ အာတီတာအတွက်တော့ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က