ပေါ်တူဂီက သူ့ဇာတိမှာ စိုက်ထူထားတဲ့ ရုပ်ထုပါ။

ပေါ်တူဂီက ရော်နယ်ဒိုရဲ့မွေးရပ်မြေ ဖန်ချယ်လ်မှာ သူ့ရဲ့ပုံတူရုပ်ထုကို ပြုလုပ်ထားပြီး ဖန်တီးထားရှိထားပါတယ်။မက်ဒဲရားကျွန်းက ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာကျော်ဘောလုံးသမားကို ဂုဏ်ပြုခဲ့တာဖြစ်ပြီး လာရောက်လည်ပတ်သူတိုင်းကို ဆွဲဆောင်နိုင်တဲ့ အထင်ကရရုပ်ထုတခုအဖြစ်နဲ့ အချိန်တိုအတွင်း ရောက်ရှိခဲ့ပါတယ်။



၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြိး အခုဆိုရင် ၈ နှစ်နီးပါးရှိလာခဲ့ပြီဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အဆိုပါရုပ်ထုက ရော်နယ်ဒိုရဲ့ ငယ်ပါနေရာဟာ ကိုင်တွယ်သူတွေများပြားလို့ ပြောင်လက်လာတယ်ဆိုတာပါပဲ။။ လာရောက်လည်ပတ်ရင်း ရုပ်ထုနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးရာမှာ တော်တော်များများက အဆိုပါနေရာကို ကိုင်တွယ်နေတဲ့ ပုံတွေ ရိုက်ကူးနေခဲ့ကြတယ်လို့ The Sun က ဆိုပါတယ်။

အထူးသဖြင့် မိန်းကလေးတွေက ရုပ်ထုရဲ့ အဆိုပါနေရာကို ကိုင်တွယ်နေခဲ့ကြပြီး ဓာတ်ပုံရိုက်ခဲ့ကြတာပါ။ နောက်ပြောင်ကျီစယ်ရင်းဖြစ်ဖြစ်၊ သူတို့ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော်ဘောလုံးမင်းသားရဲ့ အစိတ်အပိုင်းတခုကို ထိတွေ့ခဲ့ကြပြီး အမှတ်တရတခုအနေနဲ့ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ကာလကြာလာချိန်မှာ အဆိုပါနေရာကဆေးရောင်တွေက လူ့လက်မှေးကအဆီကြောင့် မူလကအခြေအနေနဲ့ ကွာခြားကာ ပြောင်လက်လာခဲ့တာပါ။

ဒီရုပ်ထုဟာ ကြေးဝါနဲ့ပြုလုပ်ထားတာဖြစ်ပြီး အခုဆိုရင် အခြားနေရာတွေနဲ့ တော်တော်လေးကွာခြားနေခဲ့တာပါ။ အပေါ်ပိုင်းကတော့ မူလနီးပါးအတိုင်းရှိနေတာလည်း ဖြစ်ပ်တယ်။  ခရီးသွားတဥိးက "ဒါကို ဓာတ်ပုံရိုက်ပြီးတော့ မိသားစုဆီပို့ချင်ခဲ့ရုံပါ၊ ဒါပေမယ့် WhatsApp က မိသားစုဂရုထဲပို့လိုက်တော့ အားလုံးရယ်တော့တာပဲ"၊ ဂွကြားက အပွတ်လို့ခံထားရတဲ့နေရာက အထင်းသားကြီးလေ" ပြောဆိုခဲ့ပါတယ်။ အဆိုပါရုပ်ထုကတော့ ရော်နယ်ဒို ဖရီးကစ်ကန်သွင်းခါနီးမှာ ပြုလုပ်လေ့ရှိတဲ့ ခန္ဓာကိုယ်အနေအထားပုံစံအတိုင်း ထုလုပ်ထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က