ပြည်တွင်းကူးစက်ခံရသူအဖြစ် ဖော်ပြခံထားရတဲ့ အသက် ၅၂နှစ်အရွယ် ကလေးမြို့က အမျိုးသားကြီးတစ်ဦးဖြစ်ပါ တယ်။
အသက် ၅၂နှစ်ရှိပြီဖြစ်တဲ့ ကလေးမြို့က လူနာနံပါတ် ၁၁၄မှာ ရောဂါပိုး Negative တစ်ကြိမ်ပြထားပြီးဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် ဆေးစစ်ဆေးရာမှာတော့ Positive ပြန်ပြန်နေလို့ ဆေးရုံဆင်းခွင့်မရသေးဘူးလို့ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အေးအေးမူက Duwunကိုပြောပါတယ်။
ကလေးမြို့မှာ ပိုးတွေ့လူနာ စုစုပေါင်း ၆ဦးရှိတဲ့အနက် လူနာနံပါတ် ၇၄ကတော့ မနေ့က ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရောဂါပိုး ၂ကြိမ်ဆက်မတွေ့တော့တဲ့လူနာစာမှာပါဝင်လာခဲ့ပါ တယ်။
တဆက်တည်းမှာပဲ ဆေးရုံကလည်း ဆင်းခွင့်ရခဲ့ပြီး နေအိမ်မှာ ၂ပတ်ကြာ အသွားအလာဆက်လက်ကန့်သတ်နေ ထိုင်ကာ နောက်ဆုံးအကြိမ်ဆေးစစ်မှုကို ဆက်လက်ခံယူရမယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် အေးအေးမူက ပြောပါတယ်။
“မနေ့က ဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းမှာပါတဲ့ ၂ကြိမ်ဆက်ပိုးမတွေ့လူနာစာရင်းမှာ ကလေးမြို့က တစ်ဦးပါ ပါတယ်။သူက လူနာနံပါတ် ၇၄ ဖြစ်ပါတယ်။သူကတော့ဆေးရုံကပါ တစ်ပါတည်းဆင်းခွင့်ရပြီးနေအိမ်မှာအသွား အလာဆက်လက်ကန့်သတ်စောင့်ကြည့်မှုကို ၂ပတ်ဆက်လက်နေထိုင်ရပါမယ်။သူနဲ့အတူ ရောဂါပိုး Negative တစ်ကြိမ်ပြထားတဲ့ လူနာနံပါတ် ၁၁၄ ကတော့ ဒီတစ်ကြိမ်မှာ Positiveပြန်ပြနေလို့ ဆေးရုံဆင်းခွင့် မရသေး ပါဘူး။” လို့ ဒေါ်အေးအေးမူက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ COVID-19ဓာတ်ခွဲ အတည်ပြုလူနာ ၁၇၇ဦးရှိရာမှာ ၆၇ဦး ရောဂါပိုးပြန်လည်ကင်းစင်လာပြီး ၄၃ဦးဆေးရုံက ဆင်းခွင့်ရသွားကာ ၆ဦးကတော့ သေဆုံးခဲ့ပါပြီ။